ဟောင်ကောင်အဆိုတော် ကုလ မှာ တရုတ်ကို ရှုတ်ချ

Photo: FABRICE COFFRINI / AFP
 ဟောင်ကောင်က အမျိုးသမီး ပေါ့ ဂီတ အဆိုတော် Denise Ho က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တရုတ်အစိုးရအပေါ် ရှုတ်ချပြောဆိုခဲ့ရာမှာ၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က နှစ်ကြိမ်တိုင်တိုင် ကြားဖြတ် ဟန့်တားခဲ့ပါတယ်။

တနင်္လာနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ Denise Ho က တရုတ်အစိုးရဟာ မတော်မတရားအမှုတွေ အမြဲကျုးလွန်နေတာဖြစ်တဲ့အတွက် ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲက တရုတ်ကို အဖွဲ့ဝင်အဖြစ်က ဆိုင်ငံ့ဖို့နဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်နေချိန်အတွင်း ဟောင်ကောင် လူထုကို ကာကွယ်ဖို့ အရေးပေါ်ညီလာခံ ခေါ်ယူဖို့ ဆောင်ရွက်နိုင် မနိုင် မေးမြန်းခဲ့ပါတယ်။

Denise Ho ပြောဆိုနေစဉ်အတွင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ကြားဖြတ် ၀င်ရောက် ဟန့်တား ကန့်ကွက်ခဲ့ပေမယ့် လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌက Denise Ho ကို ဆက်လက်ပြောဆိုခွင့်ပြုခဲ့ပါတယ်။

UN Watch လို့ခေါ်တဲ့အဖွဲ့က Ho ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ နှစ်ပေါင်းကြာရှည် အလိမ်အညာ ကတိက၀တ်တွေက ဟောင်ကောင်ပြည်သူတွေရဲ့ ဒေါသမီးကို ယပ်ခတ်ပေးနေသလိုဖြစ်တယ်လို့ Denise Ho က ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဟောင်ကောင်အဆိုတော် ကုလ မှာ တရုတ်ကို ရှုတ်ချ ဟောင်ကောင်အဆိုတော် ကုလ မှာ တရုတ်ကို ရှုတ်ချ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.