တောင်ငူမြို့နယ်အမြန်လမ်းပိုင်းတွင် ရှေ့မှသွားနေသည့်ယာဉ်အား ပရိုဘောက်ယာဉ်ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး


တောင်ငူ ဇူလိုင် ၂၂

နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်း မိုင်တိုင် ၁၄၃/၄ နှင့် ၅ အကြားတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရှေ့မှသွားနေသည့် ယာဉ်အား ပရိုဘောက်ယာဉ်မှအရှိန်လွန်ဝင်တိုက်မိခဲ့ ပြီး အမျိုးသမီးတစ်ဦးသေဆုံး၍ အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ တောင်ငူမြို့နယ်၊ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့တို့ကသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဇီးပင်သာအမြန်လမ်း ရဲစခန်းမှသိရှိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အောင်မြင့်ထွန်း မောင်းနှင်သည့် 1L/----- Lifan ၆ ဘီး ဖွဲတင်သည့်ယာဉ်အား အခင်းဖြစ်နေရာအရောက် နောက်မှ မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်နေ တင်ဦး မောင်းနှင်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ၃ ဦးတို့လိုက်ပါလာသည့် GG/---- ပရိုဘောက်ယာဉ်မှ အရှိန်လွန်ပြီးဝင်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ပရိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ဒဏ်ရာများရရှိခဲ့၍ ဇီးပင်သာအမြန် လမ်းရဲစခန်းက ယာဉ်မောင်း အောင်မြင့်ထွန်းနှင့် ပရိုဘောက် ယာဉ်မောင်း တင်ဦး တို့အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့နယ်အမြန်လမ်းပိုင်းတွင် ရှေ့မှသွားနေသည့်ယာဉ်အား ပရိုဘောက်ယာဉ်ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး တောင်ငူမြို့နယ်အမြန်လမ်းပိုင်းတွင် ရှေ့မှသွားနေသည့်ယာဉ်အား ပရိုဘောက်ယာဉ်ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.