ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် အမျိုးသား၂၆ ဦးနှင့် အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံး


နေပြည်တော် ဇူလိုင် ၂၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏မိုင်တိုင် အမှတ် ၁၆၅/၃ အနီး ယာဉ်မောင်း ညီညီအောင် မောင်းနှင်လာ သော ထွန်းဧရာ နထစမနျ ခရီးသည်တင် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲက လမ်းညာဘက်သို့ အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၃၄ ဦး၊ အမျိုး သမီး ၂၀ စုစုပေါင်း ၅၄ ဦးအနက် အမျိုး သား၂၆ ဦး၊ အမျိုးသမီး ၁၈ ဦး ပေါင်း ၄၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်မြို့ ဒေါပုံ နေသူ မသဲသဲအိ(၂၆ နှစ်)မှာ အခင်း ဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်။

မော်တော်ယာဉ် မတော်တဆ ဖြစ်ရာသို့ အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ အထောက်အကူပြုအဖွဲ့များက ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ယနေ့ နံနက် ၄ နာရီခွဲ ကလည်း အမြန်လမ်းမကြီး၏မိုင်တိုင် အမှတ် ၁၁၇/၃ နှင့် ၁၁၇/၄ အကြား နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း လင်းမင်းထက် မောင်းနှင်လာသော စမသဘသထ မော်တော်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီးလမ်းဘေးတွင် ကာရံထား သည့် အလူမီနီယံတန်းအား တိုက်မိ ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ် ပေါ်ပါ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပေါင်းလေးဦးအနက် အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ညီညီသန်း(နေပြည်တော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် အမျိုးသား၂၆ ဦးနှင့် အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်  အမျိုးသား၂၆ ဦးနှင့် အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.