ထိုင်း မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ


ဇူလိုင်လ ၁၂ ရက် ၂၀၁၉

ထိုင်း - မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တောထဲတွင် ဇူလိုင် ၁၀ ရက် ည ၁၁နာရီ ဝန်းကျင် က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၅သန်း သိမ်းဆည်းရမိကြောင်း ထိုင်းမီဒီယာ သတင်းများ ရေးသားချက် အရ သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် မယ်အိုင်းမြို့နယ် နှင့် သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် အကြားရှိ နယ်စပ် တောထဲ (ထိုင်းနယ်အတွင်း) တွင် ဇူလိုင် ၁၀ ရက် ည ၁၁ နာရီ ဝန်းကျင်၌ ထိုင်းနယ်ခြားကင်းလှည့် အဖွဲ့နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများ ထိတွေ့မှုဖြစ်ပွါးကာ ပစ်ခတ် ခဲ့ကြခြင်း သည်။

ထို ထိတွေ့ ပစ်ခတ်မှု မှာ အချိန် ၅ မိနစ်ခန့် ကြာခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူများ ထွက်ပြေး လွှတ်မြောက်သွားကြောင်း ချင်းမိုင် သတင်း တွင် ရေးသားထားသည်။

ထိခိုက် ပစ်ခတ်မှု ကြောင့် ထိုင်းနယ်ခြားကင်းလှည့်အဖွဲ့ မှ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်သူ များဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေးသွားကြောင်း လည်း ရေးသားထားသည်။

ထိုင်းနယ်ခြား ကင်းလှည့်အဖွဲ့ မှ ပိုင်ရှင်မဲ့ သိမ်းဆည်းမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား ၅ သန်း၊ အိုက်စ် ၁၀ကီလိုဂရမ် နှင့် ကတ်တမင်း ၁၀ ကီလိုဂရမ် တို့ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ထိုင်း မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ ထိုင်း မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:13 Rating: 5
Powered by Blogger.