သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး


သုံးခွ ဇူလှိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်နန်းခလဲကျေးရွာတွင်ဇူလှိုင် ၁၁ ရက် ညနေ ၄ နာရီခန့်က လူတစ်ဦးဓာတ်လိုက်သေဆုံးနေကြောင်းသတင်းရရှိသဖြင့်သုံး ခွမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့် သွားရောက်စစ်ဆေးရာသုံးခွမြို့မှစစ်ကိုင်းစုကျေးရွာသို့သွယ်တန်းထားသောဗို့အား ၃၃၀၀ဝရှိ ဓာတ်အားလိုင်းနဘေးအရှည်၁၅ပေခန့်ရှိ ကုက္ကိုလ်ပင်တွင် လူတစ်ဦးစောက်ထိုးတန်းလန်းသေဆုံးနေသည်ကိုတွေ့ရှိရပြီးသေဆုံးသူမှာ ကိုမောင်မောင်ညွှန့်၃၈နှစ်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ၏ညီဖြစ်သူကိုကျော်ကျော်မိုး၃၃နှစ်lသန်လျင်မြို့နယ်နေသူအားေ မးမြန်းကြည့်ရာသေဆုံးသူသည်နန်းခလဲကျေးရွာရှိဖခင်ဖြစ်သူနေမကောင်းသဖြင့် လာရောက်မေးမြန်းရာမှ ဖခင်ဖြစ်သူနေအိမ်ခေါင်မိုးပေါ်သို့ကိုင်းကျနေသောအမြင့်၁၅ပေခန့်ရှိကုက္ကိုပင်မှသစ်ကိုင်းအားသေဆုံးသူမှတက်ရောက်ခုတ်ပြီး ညီဖြစ်သူ ကိုကျော်ကျော်မိုးကအောက်မှနေ၍သစ်ကိုင်းအားရှင်းလင်းပေးနေစဉ် ဖြောင်းဖြောင်းဟူသောအသံ ကြား၍အပေါ်သို့မော့ကြည့်ရာအစ်ကိုဖြစ်သူကို မောင်မောင်ညွှန့်မှာဓာတ်လိုက်၍သစ်ပင်တွင် စောက်ထိုးတန်းလန်းဖြစ် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ပြောပြသိရှိရသည်။

အလောင်းအားစစ်ဆေးရာဝဲ/ယာလက်ဖဝါးပေါက်ပြဲညိုမဲlမီးလောင်ဒဏ်ရာlဝဲရင်ဘတ်ပေါက်ပြဲညိုမဲမီးလောင်ဒဏ်ရာlဝဲ/ယာခြေဖဝါးပေါက်ပြဲညိုမဲ မီးလောင်ဒဏ်ရာများ တွေ့ရှိရသည်ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ဓမ္မာတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်အတည်ပြုနိုင်ရန်သုံးခွမြို့မ
ရဲစခန်းက အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုကျော်(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး Reviewed by THITHTOOLWIN on 04:11 Rating: 5
Powered by Blogger.