ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက် ၁၇း၁ဝ နာရီ တွင် တပ်မတော်သားများသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ကျေးရွာတောင်ဘက် လျှိုအတွင်းရှိ မြေကြီး အတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄,၄၄၅ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၄၄.၄၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ဝ.၅ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅ဝ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးအမှုန့် ၂ဝဝ.ဝ၂၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ဝ,ဝဝ၂.၈ သိန်း)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်သဖြင့် မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ 

(Xinhua)
http://www.xinhuamyanmar.com
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 00:33 Rating: 5
Powered by Blogger.