မြောက်အမေရိကတိုက်၏ ဘတ်စက်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် Toronto Raptors ဘတ်စကတ်ဘောအသင်း အောင်ပွဲခံသည့်အချိန် တွင် လေးဦးသေနတ်ပစ်ခံရ၊နှစ်ဦးဖမ်းဆီးခြင်းခံရ

Toronto Raptors ဘတ်စကတ်ဘောအသင်းအားကြိုဆိုသူများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

    ဝါရှင်တန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

Toronto Raptors ဘတ်စကတ်ဘောအသင်း၏မြောက်အမေရိကတိုက် ဘတ်စကတ်ဘောချန်ပီယံရှစ်ပြိုင်ပွဲ (NBA) တွင်  ပထမဆုံးအကြိမ် တံခွန်စိုက်ဆုရသည့် အောင်ပွဲအခမ်းအနား အား ဇွန် ၁၇ ရက် တွင် လူစုလူဝေး နှင့် ကျင်းပချိန် ၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူလေးဦး သေနတ်ပစ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  အခြားနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောသည်။

လူပေါင်း သောင်းနှင့်ချီကာရှိနေသည့် မြို့တော်ခန်းမရင်ပြင် အတွင်း Raptors ဘတ်စကတ်ဘောအဖွဲ့ ၏ ပရိသတ်များစွာမှာ သေနတ်ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ကြရသည်။ဇွန် ၁၇ ရက် အစောပိုင်းတွင် ပရိသတ်တစ်သန်းကျော်ခန့် အောင်ပွဲခံရန်အတွက် ကနေဒါနိုင်ငံ တိုရွန်တွန်မြို့  မြို့လည်ခေါင်တွင် စုရုံးလာမှုက လုံခြုံရေးဆိုင်ရာအတွက် စိုးရိမ်ဖွယ် အခြေအနေများကို ဖြစ်စေခဲ့သည်။

သေနတ်ပစ်ခတ်မှုနှင့်ဆက်စပ်နေသော သေနတ် ၂ လက်အားတွေ့ရှိခဲ့ကြောင်း  Toronto ရဲချုပ် Mark Saunders ကပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
မြောက်အမေရိကတိုက်၏ ဘတ်စက်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် Toronto Raptors ဘတ်စကတ်ဘောအသင်း အောင်ပွဲခံသည့်အချိန် တွင် လေးဦးသေနတ်ပစ်ခံရ၊နှစ်ဦးဖမ်းဆီးခြင်းခံရ မြောက်အမေရိကတိုက်၏ ဘတ်စက်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် Toronto Raptors ဘတ်စကတ်ဘောအသင်း အောင်ပွဲခံသည့်အချိန် တွင် လေးဦးသေနတ်ပစ်ခံရ၊နှစ်ဦးဖမ်းဆီးခြင်းခံရ Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.