တမူးမြို့တွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွား

ပုံ-ပေါက်ကွဲမှုဖြစ်ရာ နေအိမ်ပတ်ဝန်းကျင်
ကလေးlဇွန် - ၁၈

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ စော်ဘွား ၈ ရပ်ကွက် စပါးဒိုင်အနီး ယနေ့ ည ၁၀ နာရီ၁၅မိနစ်က ကသည်းလူမျိုးတစ်ဦးနေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

"ကသည်းအိမ်မှာ ဗုံးပေါက်ကွဲတာပါ။ကျွန်မတို့အိမ်ခြေရင်း တစ်အိမ်ကျော်ကဖြစ်တာ။ကျွန်မက မြို့ပြင်ချမ်းမြေ့ဘုန်းကြီးကျောင်းမှာရောက်နေလို့ အသံကြားတာနဲ့ ကမန်းကတန်းအိမ်ပြန်ပြေးရပါတယ်။လူတွေကတော့ အထိအခိုက်မရှိပါဘူး။"ဟု တမူးမြို့ခံ မဥမ္မာဝင်းကပြောသည်။

ပုံ-ပေါက်ကွဲမှုဖြစ်ရာ နေအိမ်ပတ်ဝန်းကျင်

ပေါက်ကွဲမှုဖြစ်ရာသို့ တမူးမြို့ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်လွှတ်တော်ကိုယ်စားလှယ် များ မှ စစ်ဆေးမှု ပြုလုပ်နေသည်။

"ဘာပေါက်ကွဲတာဆိုတာတော့ ယူဆလို့မရသေးပါဘူး။ထိန်းသိမ်းထားတယ်။ရှာဖွေစစ်ဆေးနေတုန်းပါပဲ"တမူးစခန်းမှူးရဲအုပ်ကျော်ဇောအောင်ကပြောသည်။

သူရိယထက်
Monywa Gaze
https://www.facebook.com/monywagazette

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ