ရင်းနှီးမြှုပ်နှံမှု မတိုးချဲ့သေးဟု Myanmar Investments ပြောကြား

တယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်တစ်ခုကို တွေ့ရစဉ် / Photo: RFA
မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ Myanmar Investments International Ltd. မြန်မာရင်းနှီးမြှုပ်နှံမှု နိုင်ငံတကာကုမ္ပဏီ လီမိတက်က မြန်မာပြည်ရဲ့ လက်ရှိမရေမရာ အခြေအနေတွေကြောင့် တိုးချဲ့မြှုပ်နှံဖို့ မစဉ်းစားသေးဘဲ လက်ရှိလုပ်ငန်းတွေကိုပဲ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ မနေ့က ပြောကြားပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှုနဲ့ Apollo ဆက်သွယ်ရေးမျှော်စင် အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဲဒီကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့ခြင်း မရှိပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း လက်ရှိလုပ်ငန်းတွေမှာ ပေါင်ငွေ နှစ်သန်းနီးပါး ထပ်မံသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

တပြိုင်နက်မှာပဲ နှစ်စဉ်အသုံးစရိတ်ငွေကိုတော့ ဒေါ်လာ နှစ်သန်းကျော်ကနေ တစ်သန်းကျော်အထိ လျှော့ချခဲ့ တယ်လို့ သိရပါတယ်။ လက်ရှိ တိုင်းရင်းသားနဲ့ ဘာသာရေး ပြဿနာတွေ အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခ မဖြေရှင်းနိုင်သေးတာကို နိုင်ငံတကာက သတိထားနေကြပါတယ်လို့ စင်္ကာပူအခြေစိုက် မြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရင်းနှီးမြှုပ်နှံမှု မတိုးချဲ့သေးဟု Myanmar Investments ပြောကြား ရင်းနှီးမြှုပ်နှံမှု မတိုးချဲ့သေးဟု Myanmar Investments ပြောကြား Reviewed by THITHTOOLWIN on 01:43 Rating: 5
Powered by Blogger.