မန္တလေး အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် အကျဉ်းသား /သူ ၃၇ ဦးအောင်မြင်


မန္တလေး ၈ ဇွန်

မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အကျဉ်းသား/သူ (၇၁) ဦးရှိရာ ၃၇ ဦးအောင်မြင်ကြောင်းသိရသည် ။

အောင်မြင်သူများတွင် နှစ်ဘာသာ ဂုဏ်ထူးရှင် (၃) ဦး ၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦးရှိပြီး ဂုဏ်ထူးဖြင့်အောင်မြင်သူအပါအဝင် စုစုပေါင်း ၃၇ ဦး အောင်မြင်ခဲ့သည် ။

ယခင်က စာမေးပွဲဖြေဆိုမည့် အကျဉ်းသား/သူများအနေဖြင့် အင်းစိန်အကျဉ်းထောင်စာစစ်ဌာနတွင် သွားရောက်ဖြေဆိုရပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် က စတင်၍ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) တွင် စာစစ်ဌာန တစ်ခုဖွင့်၍ ဖြေဆိုစေခဲ့သည် ။

၂၀၁၈ ခုနှစ်တွင် မန္တလေး ဗဟိုအကျဉ်းထောင် မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၅၅ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၇ ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် လေးဦး အထိရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အကျဉ်းသား ၂၇ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း ၊ လျှော့ရက်ပေးခြင်းများကို နိုင်ငံတော်က ဆောင်ရွက် ခဲ့သည်။

ယခုနှစ်တွင် တနိုင်ငံလုံး အနေဖြင့် အင်းစိန်ထောင်၊ တောင်ငူထောင်၊ အိုးဘိုထောင်၊ ဘားအံထောင်၊ လွိုင်ကော်ထောင်၊ သရက်ထောင်၊ မုံရွာထောင်၊ မြိတ်နှင့် ကသာထောင်များတွင် ထောင်တွင်း စာစစ်ဌာနတွေမှ ဝင်ရောက်ဖြေဆိုသည့် အကျဉ်းသား ၁၇၁ ဦး ရှိရာ ၉၄ ဦး အောင်မြင်ခဲ့ပြီး ၅၄.၉၇ ရာနှုန်း အောင်မြင်မှု ရှိကြောင်းသိရသည် ။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေး အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် အကျဉ်းသား /သူ ၃၇ ဦးအောင်မြင် မန္တလေး အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် အကျဉ်းသား /သူ ၃၇ ဦးအောင်မြင် Reviewed by THITHTOOLWIN on 01:38 Rating: 5
Powered by Blogger.