တပ်မတော် ရေယာဉ်ကို တိုက်ခိုက်ခဲ့တဲ့နေရာအနီးမှာ နေထိုင်သူ ခြောက်ဦးကို စစ်ဆေးနေ

ပစ်ခတ်မှုဖြစ်ပွားတဲ့ ဆတ်ရိုးကျချောင်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီးကို AA အဖွဲ့က မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လူ ခြောက်ဦးကို ရဲနဲ့ တပ်မတော်က စစ်တွေခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက RFA ကို ပြောပါတယ်။

အဲဒီလူ ခြောက်ဦးထဲက လေးဦးဟာ ရေယာဉ်ကိုစတင်ပစ်ခတ်ခဲ့တဲ့ နေရာက ခြံစောင့်အလုပ်သမားတွေဖြစ်ပြီး ကျန်နှစ်ဦးကတော့ ကယုချောင်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးကယ်ဆယ်ရေးစခန်းက လူငယ်နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက မှုခင်းဖြစ်စဉ်အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ခေါ်ယူစစ်ဆေးနေတာတွေ ရှိတယ်လို့ပြောဆိုပြီး စစ်ဆေးသူအရေအတွက်ကို မေးမြန်းရာမှာတော့ သူမသိဘူးလို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ AA အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့နေရာက အလုပ်သမား ၃၀ ကျော်ကို ရဲတပ်ဖွဲ့က အမှတ် (၂) ရဲစခန်းမှာ မနေ့ကခေါ်ယူစစ်ဆေးခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

မနေ့က ဇွန်လ ၂၂ ရက်နေ့ မနက် သုံးနာရီကျော်အချိန်မှာ စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝမှာ ရပ်နားထားတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီးကို AA အဖွဲ့က ရှော့တိုက်ဒုံး သုံးလုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရေယာဉ်ကိုယ်ထည်အချို့ ထိခိုက်ပျက်စီးခဲ့သလို စစ်သည် နှစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော်က ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်က အင်အားတွေ တိုးချဲ့ဖို့အသုံးပြုတဲ့နေရာဖြစ်လို့ စစ်ရေးအရ လက်တုံ့ပြန်တာလို့ပြောဆိုပြီး အခုထိန်းသိမ်းစစ်ဆေးနေသူတွေဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ