ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲတဲ့ အမှု ၂၀၀ ရှိနေပြီဖြစ်ကြောင်း အသံအဖွဲ့ထုတ်ပြန်

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အသံအဖွဲ့ရဲ့ ၂ဝ၁၉၊ ဇွန် ၂၃ ရက်နေ့ ထုတ်ပြန်ချက်ရဲ့ ပထမဆုံးစာမျက်နှာကို တွေ့ရစဉ်
ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှုပေါင်း ၂၀၀ ရှိခဲ့ပြီး တရားစွဲခံရသူ ၂၄၆ ယောက်ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တရားစွဲခံရသူတချို့က အကျဉ်းထောင်မှာရှိနေပြီး တချို့ကတော့ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

တရားစွဲဆိုသူတွေကတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးသမားတွေဖြစ်တယ်လို့ သိရပါတယ်။

တရားစွဲခံရသူအများစုကတော့ သာမာန်ပြည်သူတွေ၊ မီဒီယာသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

တရားစွဲခံရတဲ့ကိစ္စအများစုကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာတွေကြောင့် ဖြစ်ပါတယ်။

အဲဒီထဲမှာ နိုင်ငံရေး၊ လူပုဂ္ဂိုလ်-အဖွဲ့အစည်းတွေကို ဝေဖန်တာ၊ သတင်းဒါမှမဟုတ် ဖြစ်ရပ်မှန်ကို ရေးသားတာတွေကြောင့် တရားစွဲခံရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ