ကွန်းစုမြို့နယ် သဲဖြူကျွန်းကျေးရွာအနီး ရေပြင်၌ မြိတ်-ရွှေဂဲညိုသွား ကုန်တင်စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား


ကျွန်းစု ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု သဲဖြူကျွန်းကျေးရွာအနီး ရေမိုင် ၃ မိုင်ခန့်အကွာအဝေးရှိသောင်ပြင်၌ ဇွန် ၂၃ ရက် နံနက် ၄ နာရီခန့်က မြိတ်- ရွှေဂဲညိုသွား ကုန်တင်စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စု ကျောက်ပိတ်ကျေးရွာနေ ဦးအောင်ဇော် (၃၈ နှစ်) ရေလုပ်ငန်းလုပ်ကိုင်သူ ပိုင်ဆိုင်သော အလျား ၄၈ ပေ၊ အနံ ၁၂ ပေ၊ ရေစူး ၆ ပေ၊ သစ်သားကိုယ်ထည်၊ စက်မကြီး EK 300 HP ဝမ်းထိုင်စက်တပ်ဆင်ထားသည့် "အောင်မြင့်မြတ်" အမည်ရှိ မြိတ်- ရွှေဂဲညို သွား ကုန်တင်စက်လှေသည် လှေ ရှင်/ပဲ့နင်းဖြစ်သူ ဦးအောင်ဇော်မောင်းနှင်၍ လှေသား ၂ ဦးတို့နှင့်အတူ ဇွန် ၂၃ ရက် နံနက် ၀၀း၃၀ နာရီခန့်ကမြိတ်မြို့မှ ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာသို့ ဆန်အိတ် ၁၀၀ ၊ ဘိလပ်မြေ အိတ် ၁၅၀ ၊ ဒီဇယ်ဆီ ၁၂ ပေပါနှင့် အခြားစားသောက်ကုန်ပစ္စည်းများတင်ဆောင်၍ ထွက်ခွာလာစဉ် နံနက် ၄ နာရီခန့်တွင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု သဲဖြူကျွန်းကျေးရွာ အရှေ့ဘက် ရေမိုင် ၃ မိုင်ခန့်အကွာအရောက်တွင် စက်လှေမှာသောင်ငြိ၍ တိမ်းစောင်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းစက်လှေတိမ်းမှောက်မှုကြောင့် လှေပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိ မှုမရှိဘဲ လှေပေါ်ပါ ဆန်အိတ် ၁၀၀၊ ဘိလပ်မြေ အိတ် ၁၅၀ နှင့် စားသောက်ကုန်ပစ္စည်းအချို့ ရေစိုပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုးမှာ ငွေကျပ်သိန်း ၄၀ ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါစက်လှေတိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ ကျွန်းစုမြို့နယ် ရှော်တောမောနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဘန္ဒနဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကိုဦး၊ သဲဖြူကျွန်းကျေးရွာ ရာအိမ်မှူး ဦးဝင်းထွန်းနှင့် ရွာသူ ရွာသားများက စက်လှေများဖြင့်သွားရောက်ကာ လှေပေါ်ပါရှိသော ဒီဇယ်ဆီပေပါများနှင့် ကုန်ပစ္စည်းများအား ကူညီဆယ်ယူ၍ သဲဖြူကျွန်းကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinnhttps://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ