ထီးချိုင့်မြို့နယ်​တွင်​ လူငယ်​ခြင်းစကားများရန်​ဖြစ်​ရာ လူသတ်​တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ


ထီးချိုင့် ဇွန် ၂၃

စစ်​ကိုင်းတိုင်း​ဒေသကြီးကသာခရိုင်​ထီးချိုင့်မြို့နယ်​ ကျွဲဖြူ​သေ​ကျေးရွာအနီး ဝါး​တော​နေရာတွင်​ လူသတ်​မှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဇွန် ၂၂ ရက်​​ နံနက်​ ၁ နာရီခွဲခန့်တွင်​ ထီးချိုင့်မြို့နယ်​ ​မောင်းကုန်းနယ်​​မြေရဲကင်းစခန်းမှူး ဒုရဲအုပ်​ ​အောင်​ဖြိုး ဦးစီး​သောရဲတပ်​ဖွဲ့ဝင်​များသည်​ လူသတ်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ အခင်းဖြစ်​​နေရာသို့သွား​ရောက်​စစ်​​ဆေးရာ ထီးချိုင့်မြို့နယ်​ ကျွဲဖြူသေ​ကျေးရွာအနီး ဝါးစခန်းတွင်​ ကန့်ဘလူမြို့နယ်​ မလယ်​​ကျေးရွာ​နေ မင်း​ဇော်​(ခ)မင်းမင်း ဆိုသူနှင့် သပိတ်​ကျင်းမြို့နယ်​ ဇင်းပျိုးပင်းကျေးရွာ​နေ စိုးလင်းထက်​ ဆိုသူတို့နှစ်​ဦး လူငယ်​ခြင်းစကားများရန်​ဖြစ်​ရာတွင်​ မင်း​ဇော်​(ခ)မင်းမင်းမှ အရိုးအသွား နှစ်​ပေခန့်ရှိ ဝါးခုတ်​ဓားမဖြင့်ခုတ်​လိုက်​ရာ စိုးလင်းထက်​ ဆိုသူမှာအခင်းဖြစ်​​နေရာတွင်​​ သေဆုံး​နေ​ကြောင်းစစ်​​ဆေး​တွေ့ရှိရသဖြင့် ဓားဖြင့်ခုတ်​သတ်​သူ မင်း​ဇော်​(ခ)မင်းမင်းအား ၎င်း​နံနက်​ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင်​ ထီးချိုင့်မြို့မရဲစခန်းမှ ယာယီရဲစခန်းမှူး ရဲအုပ်​​ဋ္ဌေးဝင်းနှင့်အဖွဲ့မှ သက်​​သေများနှင့်အတူ ဖမ်းမိခဲ့​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထီးချိုင့်မြို့နယ်​တွင်​ လူငယ်​ခြင်းစကားများရန်​ဖြစ်​ရာ လူသတ်​တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ ထီးချိုင့်မြို့နယ်​တွင်​ လူငယ်​ခြင်းစကားများရန်​ဖြစ်​ရာ လူသတ်​တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 02:57 Rating: 5
Powered by Blogger.