မွေ့ယာပေါ်ဖုန်းအားသွင်းထားရာမှ အပူလွန်၍ နှစ်ထပ်တိုက် မီးလောင်

ဓာတ်ပုံ-ဝေနိုင်ဦးlကိုထက်
ကလေး၊ဇွန် - ၂၂

ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၂ ရာဇဂြိုလ်လမ်းတွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က လူနေအိမ်နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ သတင်းရရှိသည်။

ဓာတ်ပုံ-ဝေနိုင်ဦးlကိုထက်
မီးလောင်မှုမှာ မွေ့ယာပေါ်ဖုန်းအားသွင်းထားရာ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိထားသည်။

"ဒီနေ့ နံနက်ပိုင်းလောက်ကဖြစ်တာပါ။အချိန်မှီငြိမ်းသတ်နိုင်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူဖို့ လုပ်နေပါပြီ"ဟု ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

ဓာတ်ပုံ-ဝေနိုင်ဦးlကိုထက်
မီးလောင်ရာသို့ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ မီးငြိမ်းသတ်ယာဉ် ၅ စီးlမီးသတ်ရေယာဉ် ၂ စီးနှင့်အတူ တပ်ဖွဲ့ဝင် ၄၅ ဦးlဒေသခံပြည်သူ ၅၀ ကျော်နှင့်တပ်မတော်သားများတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၉ နာရီခွဲအချိန်တွင် မီးညွှန့်ကျိုးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်နှစ်ထပ်တိုက်အပေါ်ထပ်ရှိ HPကွန်ပျုတာ ၁ လုံးlကုတင်မွေ့ယာlမှန်ခုတင်lAir Con ၂ လုံးlဖုန်းတစ်လုံးနှင့်အပေါ်ထပ် ပျက်စီးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မီးပေါ့ဆစွာအသုံးပြုသူ အိမ်ရှင် ဦးဇန်းလျန်အား ကလေးမြို့မရဲစခန်းက (ပ)၁၁၉၂/၂၀၁၉lပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

ကိုထက်
Monywa Gazette
https://www.facebook.com/monywagazette
မွေ့ယာပေါ်ဖုန်းအားသွင်းထားရာမှ အပူလွန်၍ နှစ်ထပ်တိုက် မီးလောင် မွေ့ယာပေါ်ဖုန်းအားသွင်းထားရာမှ အပူလွန်၍ နှစ်ထပ်တိုက် မီးလောင် Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.