မြေသယ်ယာဉ်နှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံး


တံတားဦး ဇွန် ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်အမှတ် (၃၅၇/၄ နှင့် ၅)အကြားတွင် မြေသယ်မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းနှင်သူသည် နေရာတွင် သေဆုံးကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ တံတားဦးမြို့မရဲစခန်း တပ်ကြပ်ကြီးတင်ဝင်းမြင်းသည် မြို့မရဲစခန်းတွင် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် ယနေ့ နံနက်(၁၂)နာရီ အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်အမှတ် (၃၅၇/၄ နှင့် ၅)အကြားတွင် မြေသယ်မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်တို့ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တံတားဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အသိသက်သေအဖြစ် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမင်းနှင့် ရာအိမ်မှူး ဦးရဲဝင်းအောင် တို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်အမှတ် (၃၅၇/၄ နှင့် ၅)အကြားတွင် မန္တလေးမှ ရန်ကုန်ဘက်သို့ ပုသိမ်ကြီးမြို့နယ် ကြက်ကုန်းကျေးရွာနေ စိုးတင့်အောင်(၄၉ နှစ်) မောင်းနှင်လာသော MDY-5I/- - - - - - - - မြေသယ်ယာဉ်သည် ကားစီယာတိုင် ဂျင့်ဖြစ်၍(လှုပ်မရ)ဖြစ်ကာ မိမိ၏ကားရှေ့မှ တံတားဦးမြို့နယ် လိန်ကုန်း ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာနေ ကိုအောင်မျိုးထွန်း(၃၃ နှစ်) မောင်းနှင်လာသော ၃၁ယ/- - - - - ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် ကိုအောင်မျိုးထွန်းတွင် ဦးခေါင်း ပေါက်ပြဲ၊ ပါးစပ် သွေးထွက် ၊ယာပေါင်ကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသည်။

 သေဆုံးသူ ကိုအောင် မျိုးထွန်းအား ရဲဆေးစာဖြင့် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ယာဉ်မောင်း စိုးတင့်အောင်အား ဥပဒေအရအရေးယူဆောင်ရွက်ပေးရန် ရဲတကက တင်မြင့်ဝင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တံတားဦးမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်းသိရှိရသည်။

ရဲတင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြေသယ်ယာဉ်နှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံး မြေသယ်ယာဉ်နှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံး Reviewed by THITHTOOLWIN on 08:17 Rating: 5
Powered by Blogger.