နာဂဒေသ၊ နန်းယွန်းမှာ ကလေးသူငယ်အာဟာရချို့တဲ့မှု ဆက်ဖြစ်နေ အပါအဝင် မနက်ခင်းသတင်းများ

 ခြေထောက်ခွင်ပြီး ကောင်းစွာလမ်းမလျှောက်နိုင်တဲ့ ကလေးငယ် ၁၃၇ဦးကကို တွေ့ရှိခဲ့ရ
နာဂဒေသ၊ နန်းယွန်းမှာ ကလေးသူငယ်အာဟာရချို့တဲ့မှု ဆက်ဖြစ်နေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နန်းယွန်းမှာ ကလေးသူငယ်အာဟာရချို့တဲ့မှုတွေ ဆက်ဖြစ်နေသေး တယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ပြောပြချက်ကို ဇွန်လ ၈ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဇွန်လအတွင်း နန်းယွန်းမှာလုပ်ဆောင်နေတဲ့ မြန်မာလူထုကျန်းမာရေးမြှင့်တင်မှုအစီအစဉ် ဝန်ထမ်းများရဲ့ ဝေးလံခေါင်ဖျားဒေသဘက်စုံစေတနာဝန်ထမ်းစီမံချက်၊ အရေးပေါ်လူနာညွှန်းပို့ထောက်ပံ့ခြင်းအစီအစဉ်ဆောင်ရွက်စဉ် နန်းယွန်းမြို့နယ် ပန်ဆောင်ဒေသရှိ၊ ကျေးရွာ ၂၃ရွာမှာ ခြေထောက်ခွင်ပြီး ကောင်းစွာလမ်းမလျှောက်နိုင်တဲ့ ကလေးငယ် ၁၃၇ဦးကကို တွေ့ရှိခဲ့ရတယ်လို့ ပါရှိပါတယ်။

လူဦးရေ ခုနှစ်သောင်းလောက်နေထိုင်တဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသတွေမှာမှာ မကြာခဏဆိုသလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပွားလေ့ရှိနေတာပါ။
အာဟာရချို့တဲ့လို့ ခြေထောက်ခွင်ပြီး ကောင်းစွာလမ်းမလျှောက်နိုင်တဲ့ကလေးတွေကို လိုအပ်တဲ့ ဗီတာမင်နဲ့ဆက်စပ်ဆေးဝါးတွေ တိုက်ကြွေးကုသကာ ကျန်းမာရေးအသိပညာပေးထားတယ်လို့လည်း ဖော်ပြပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့ဆိုပြီး မြို့နယ် ၃ခုနဲ့ဖွဲ့စည်းထားတာပါ။ အဲဒီထဲကမှ လူဦးရေ ခုနှစ်သောင်းလောက်နေထိုင်တဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသတွေမှာမှာ မကြာခဏဆိုသလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပွားလေ့ရှိနေတာပါ။

BBC Burmese
https://www.bbc.com
နာဂဒေသ၊ နန်းယွန်းမှာ ကလေးသူငယ်အာဟာရချို့တဲ့မှု ဆက်ဖြစ်နေ အပါအဝင် မနက်ခင်းသတင်းများ နာဂဒေသ၊ နန်းယွန်းမှာ ကလေးသူငယ်အာဟာရချို့တဲ့မှု ဆက်ဖြစ်နေ အပါအဝင် မနက်ခင်းသတင်းများ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.