မိုင်းခတ်၊ ပေါက်တောနှင့် လှိုင်းဘွဲမြို့နယ်တို့၌ မိုးကြိုးပစ်ခံရ၍ လူနှစ်ဦးနှင့် ကျွဲ ၁၂ ကောင်သေဆုံး


နေပြည်တော် ဇွန် ၁၀

ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် ခမ်းနွဲ့ ကျေးရွာနေ ဒေါ်အီနန်း (၃၃ နှစ်) သည် ဇွန် ၉ ရက် ညနေ ၆ နာရီခန့်က ကျေးရွာ အနီးရှိ ၎င်း၏လယ်တောသို့ သွားရောက် စဉ် မိုးကြိုးပစ်ခံရမှုကြောင့် ဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်း သိရ သည်။

အလားတူ ဇွန် ၉ ရက် နံနက် ၈ နာရီခွဲခန့်က ပေါက်တောမြို့နယ် ငှက်ချောင်းကယ်ဆယ်ရေးစခန်း (၂)နေ ဇော်နိုလ်အာဒိန်(၄၇နှစ်)သည် အသပြာ ကျွန်းရှိ ပုဇွန်တာ၌ ငါးရှာဖွေနေစဉ် မိုးကြိုးပစ်ခံရမှုကြောင့် ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွား သဖြင့် အလောင်းကို ပေါက်တော ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ယင်းနေ့ နံနက် ၈ နာရီခန့် က လှိုင်းဘွဲမြို့နယ်အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ပိုင်ကျုံမြို့ ဒညင်းကုန်းကျေးရွာ၌ ကျွဲ ၁၂ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရ သည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုင်းခတ်၊ ပေါက်တောနှင့် လှိုင်းဘွဲမြို့နယ်တို့၌ မိုးကြိုးပစ်ခံရ၍ လူနှစ်ဦးနှင့် ကျွဲ ၁၂ ကောင်သေဆုံး မိုင်းခတ်၊ ပေါက်တောနှင့် လှိုင်းဘွဲမြို့နယ်တို့၌ မိုးကြိုးပစ်ခံရ၍ လူနှစ်ဦးနှင့် ကျွဲ ၁၂ ကောင်သေဆုံး Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.