ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် လူနှင့်ရထားတိုက်မှုဖြစ်ပွား


ရန်ကုန် ဇွန် ၂၉

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဇွန် ၂၈ ရက် နံနက် ၈ နာရီခွဲက သုံးခွရပ်ကွက်မစိုစိုက်ပျိုးရေးစည်ပင်စခန်းအနောက် ရထားသံလမ်းသံတံတားနားတွင် အမည်မသိလူတစ်ဦးအား ရထားနှင့် တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် သုံးခွရပ်ကွက်မစိုစိုက်ပျိုးမွေးမြူရေးစည်ပင်စခန်းအနောက်ရထားသံလမ်းသံတံတားအနီး မိုင်တိုင်အမှတ်၁၄/၁၂-၁၃ အရောက်တွင်ရန်ကုန်မှနေပြည်တော်အမှတ် ၃၁ အဆန်ရထားသည် အသက် ၄၀ ကျော်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးအား ပွတ်တိုက်မိပြီး ဝဲဘက်ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိ၍ သေဆုံးခဲ့ပြီး၎င်းသေဆုံးသူအား သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး အလောင်းအား မြတ်စေတနာမွန်လူမူရေးအသင်းနိဗ္ဗာန်ယာဉ်ဖြင့်မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် လူနှင့်ရထားတိုက်မှုဖြစ်ပွား ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် လူနှင့်ရထားတိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.