ဗီဇာစည်း ကမ်းချိုးဖောက်ခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးကို အရေးယူ


တာချီလိတ် ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းကိုးကျေးရွာအုပ်စု၊ အားရဲကျေးရွာ၌မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ဗီဇာစည်း ကမ်းချိုးဖောက်ခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးကို ဇွန် ၂၉ ရက် ညနေပိုင်းက အရေးယူထားကြောင်း သိရသည်။

ဇွန် ၂၈ ရက်ညနေ ၄ နာရီတွင်အမှတ်(၃၁၁)ခြေမြန်တပ်ရင်း၊ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း(တာချီလိတ်)မှ တာဝန်ခံအရာရှိ ဦးတင်မောင်သန်း ဦးစီးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယလ၀ကမှူး ဦးစိန်လွင်ဦးစီးအဖွဲ့၊ ဝမ်ပုံနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဇော်လင်း ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဦးမြင့်အောင်ကုမ္ပဏီ၊ အောက်ဆိုဒ်သတ္ထုလုပ်ကွက် (စက်မှုတွင်းထွက်ကုန်ကြမ်း) တွင် Mr. Peng Dehai (ခ)ဟုတ်ဆက်ပိုင်(၄၉ နှစ်)နှင့် Mrs . Qong Pengcong (ခ)ချင်းဖုန့်ချုန်း(၄၁ နှစ်) ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူတို့ နှစ်ဦး အား တွေ့ရှိရသည်။

ဆက်လက်စစ်ဆေးရာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ပတ်စ်ပို့၊ ဗီဇာတို့ဖြင့်မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေး တံတားမှတစ်ဆင့် တရားဝင် ဝင်ရောက်ခဲ့သော်လည်း နိုင်ငံခြားသား များ သွားရောက်ခွင့်မရှိသည့် အားရဲကျေးရွာရှိသတ္ထုလုပ်ကွက် အတွင်းသို့ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ အမှုမှမြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ဗီဇာစည်းကမ်း ချိုးဖောက်သူနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗီဇာစည်း ကမ်းချိုးဖောက်ခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးကို အရေးယူ ဗီဇာစည်း ကမ်းချိုးဖောက်ခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးကို အရေးယူ Reviewed by THITHTOOLWIN on 01:19 Rating: 5
Powered by Blogger.