လားရှိုးလဝကဦးစီးအပါ လဝကအရာရှိ(၇)ဦးနဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးကို အဂတိမှုနဲ့ အရေးယူ


တာချီလိတ်၊ ဇွန် ၁၂

လားရှိုး လဝက မြို့နယ်ဦးစီးမှူးအပါအဝင် လားရှိုးမြို့နယ် လဝက အရာရှိ(၇)ဦးနဲ့ အားပေးကူညီသူတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၁၂ရက် ညနေပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းနဲ့ အားပေးကူညီသူ ဒေါ်မာရှောက်ဆန်းတို့ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနဲ့ မွေး/တိုး စာရင်းပြုလုပ်ခြင်း တို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နဲ့ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ရန်တို့အတွက် စုစုပေါင်းငွေကျပ်(၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ်(၁၅)သိန်းကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်ဟာ အိမ်ထောင်စုစာရင်း ပြုလုပ်ရန်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ် (၂၁)သိန်း၊ အကျိုးဆောင် အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံကနေ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်းအတွက် ငွေကျပ်(၅)သိန်းနဲ့ မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ်(၆)သိန်း (၈)သောင်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်ဟာ အိမ်ထောင်စု စာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက်ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းဟာ အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းဟာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားတဲ့ ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့တဲ့အတွက် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
လားရှိုးလဝကဦးစီးအပါ လဝကအရာရှိ(၇)ဦးနဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးကို အဂတိမှုနဲ့ အရေးယူ လားရှိုးလဝကဦးစီးအပါ လဝကအရာရှိ(၇)ဦးနဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးကို အဂတိမှုနဲ့ အရေးယူ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.