မိုင်းဖြတ်မြို့မှာ ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံး


မိုင်းဖြတ်၊ ဇွန် ၁၂

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်မိုင်းရပ်ကွက်၊ တာချီလိတ် -မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၇၁၀/ ၇၁၁KMကြားမှာ ယနေ့ ဇွန်လ ၁၂ရက် နံနက် ၆နာရီခွဲခန့်က ဆိုင်ကာတစ်စီး အရှိန်ပြင်းစွာမောင်းနှင်ပြီး လမ်းဘေးရှိ ဓာတ်တိုင်ကိုဝင်တိုက်ကာ နေရာမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

တာချီလိတ်ဘက်မှ မိုင်ဖြတ်ဘက်ကို ဖြိုးကိုကိုဦး (၂၀)နှစ်၊ မိုင်းဖြတ်မြို့နေသူ မောင်းနှင်လာတဲ့ Wave 110 (နီ/နက်) ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် ၇၁၀/ ၇၁၁KMကြားအရောက် လမ်းအကွေ့ ကားလမ်းမကြီး၏ဘေးရှိ ကွန်ကရစ်လမ်းမီးတိုင်အား အရှိန်ပြင်းစွာဝင်တိုက်မိပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရပြီး ဆိုင်ကယ်အား မဆင်မခြင် အရှိန်ပြင်းစွာဖြင့်မောင်းနှင်သေဆုံးသူ ယာဉ်မောင်း ဖြိုးကိုကိုဦးအား မိုင်းဖြတ်မြို့မ ရဲစခန်းမှာ ယာဉ်(ပ) ၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

-ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
မိုင်းဖြတ်မြို့မှာ ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံး မိုင်းဖြတ်မြို့မှာ ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.