ကျောင်းဆောက်တဲ့ ကုမ္ပဏီ ၄၀ ကျော်ကို အရည်သွေးမမီလို့ အစိုးရသတိပေး

ဧရာဝတီတိုင်း အတွင်း ကုမ္ပဏီ ၁၀၀ ကျော် က အခြေခံပညာကျောင်းပေါင်း ၆၀၀ ကျော်ကို ပြည်တောင်စု အစိုးရဘက်ဂျက် နဲ့ဆောက်လုပ်နေတာ ဖြစ်ပါတယ် ။
ဧရာဝတီတိုင်းအတွင်းအခြေခံ ပညာကျောင်းတွေ ဆောက်လုပ်နေတဲ့ ကုမ္ပဏီ ၄ဝ ကျော်ကိုသတ်မှတ်အရည်သွေးမမီတဲ့အတွက် ဇွန်လ ၅ ရက်နေ့က ခေါ်ယူသတိပေးလိုက်တယ်လို့ ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းမင်းဝင်း က ဘီဘီစီကို ပြောပါတယ်။

အရည်သွေးစစ်ဆေးတဲ့ ကုမ္ပဏီက ဓနုဖြူနဲ့ ဇလွန်မြို့နယ်တွေ ကကျောင်း၁၀ ကျောင်းကို စစ်ရာမှာ ကျောင်း ၁၀ ကျောင်းမှာ ၇ ကျောင်းလောက်က သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတာကို တွေ့နေရတာ ဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မကိုက်တာတွေ အရည်သွေးမမီတာတွေ အသုံးပြုတဲ့ပစ္စည်း အမျိုးအစား မမှန်တာ အရည်သွေး စစ်ဆေးတဲ့ ကုမ္ပဏီကတွေ့ခဲ့တာ ဖြစ် ပြီး စာချုပ်ပါ စည်းကမ်းအတိုင်း လုပ်မပေးရင်တော့ တရားစွဲသွားမယ်လို့ လည်း ဦးဆန်းမင်းဝင်း ကပြောပါတယ်။

ဧရာဝတီတိုင်း အတွင်း ကုမ္ပဏီ ၁ဝဝ ကျော် က အခြေခံပညာကျောင်းပေါင်း ၆၀၀ ကျော်ကို ပြည်တောင်စု အစိုးရဘက်ဂျက် နဲ့ဆောက်လုပ်နေတာ ဖြစ်ပါတယ် ။

 ပြည်ထောင်စု အစိုးရက ဧရာဝတီမှာ ကျောင်းဆောက်ဖို့ ကျပ်၂၈ ဘီလီယံ ချ ပေးပါတယ်။
ဓနုဖြူနဲ့ ဇလွန်မြို့နယ်တွေက ကျောင်း ၁ဝ ကျောင်းကိုဆောက်လုပ်ခဲ့တာကတော့ ကုမ္ပဏီတစ်ခုထဲကဖြစ်ပြီးတော့ ဒီကုမ္ပဏီက ပြန်လုပ်မပေးဘူးဆိုရင်တော့ အခြားကုမ္ပဏီနဲ့ အစားထိုး လုပ်သွားမယ် လို့လည်းသူကပြောပါတယ် ။

"ပြန်ပြင်ပြီး လုပ်မပေးတဲ့ ကုမ္ပဏီတွေကိုတော့ အရေးယူမှာပါ စာချုပ်ပါ စည်းကမ်းအတိုင်းလုပ်မှာပါ"လို့ လည်း ဦးဆန်းမင်းဝင်း ကပြောပါတယ်။

စာချုပ်ပါ အရည်သွေးနဲ့ မကိုက်ဘူး၊ ပြန်လုပ်မပေးဘူးဆိုရင်တော့ နာမည်ပျက် စာရင်းသွင်းမယ်၊ လုပ်ကိုင်ခွင့်ရုပ်သိမ်းမယ်၊ ကျောင်းဆောက်တဲ့ ကုမ္ပဏီ ၄၀ ကျော် အဲဒါတွေ ပါတဲ့ ခံဝန်ကို ထိုးခိုင်းခဲ့တယ်လို့ ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာနကပြောပါတယ် ။

ဧရာဝတီတိုင်း တတိုင်းလုံးကို အရည်သွေးစစ်တဲ့ ၉ ဖွဲ့စစ်ဆေးနေပြီးတော့ အခြားကျောင်းဆောက်တဲ့ ကုမ္ပဏီတွေကို အခုလို မျိုး မဖြစ်အောင်ခေါ်သတိပေးခဲ့တာဖြစ်တယ် လို့လည်း အစိုးရ ဘက် ကရှင်းပြပါတယ်

"ဓနုဖြူနဲ့ ဇလွန်မြို့နယ်တွေက ကျောင်း ၁ဝ ကျောင်းကို စစ်ရာမှာ ကျောင်း ၁၀ ကျောင်းမှာ ၇ ကျောင်းလောက်က တော်တော့် ကို အခြေနေဆိုးတဲ့အတွက် အခုလို ခေါ်ယူသတိပေးရတာ ဖြစ်ပါတယ် "လို့လည်း ဦးဆန်းမင်းဝင်းက ရှင်းပြပါတယ် ။

မနစ်က ဘတ်ဂျက်တုန်းကလည်း ဒီလိုအရေအသွေးမမီလို့ ကုမ္ပဏီ ၅ ခုကို နာမည်ပျက်စာရင်းသွင်းခဲ့ရဖူးတယ်လို့ ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာနကတဆင့် သိရပါတယ်။

BBC Burmese
https://www.bbc.com
ကျောင်းဆောက်တဲ့ ကုမ္ပဏီ ၄၀ ကျော်ကို အရည်သွေးမမီလို့ အစိုးရသတိပေး ကျောင်းဆောက်တဲ့ ကုမ္ပဏီ ၄၀ ကျော်ကို အရည်သွေးမမီလို့ အစိုးရသတိပေး Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.