ပွင့်ဖြူမြို့နယ်၌ မုဒိမ်းမှု လူသတ်တရားခံအား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာတွင် ယခုလ ၂ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သည့် တရားခံအား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပွင့်ဖြူ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာယခုလ၁ရက်နေ့ ၊ ည ၉နာရီအချိန်ခန့်က ပွင့်ဖြူ မြို့နယ် ဇီးကိုင်းကျေးရွာနေ မ--------သည် တစ်ရွာတည်းနေ သူငယ်ချင်း မမှုံစီ၏ နေအိမ်သို့ တီဗွီကြည့်ရန် မိခင်ထံမှ ခွင့်တောင်းပြီး သွားခဲ့ရာ ည ၁၁ နာရီ အချိန်ထိ ပြန်ရောက်လာခြင်းမရှိသဖြင့် မိဘဖြစ်သူများက ကျေးရွာမှ ဦးအောင်သူ ၊ ဦးနက်ပု တို့နှင့် အတူ မမှုံစီ နေအိမ်သို့ သွားရောက်စုံစမ်း မေးမြန်းရာ မမှုံစီက မလာကြောင်း ပြောသဖြင့် ကျေးရွာတွင်း သမီးဖြစ်သူ သွားလာတတ်သည့် နေရာများအား လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၉ နာရ်ီခန့်တွင် ဇီးကိုင်းကျေးရွာ၏တောင်ဘက် တောင်မုန်းမြောင်းမကြီးအတွင်း မိန်းကလေးအလောင်းတစ်လောင်းမှောက်လျက်အနေအထားဖြင့် တွေ့ရှိ၍ အနီးဝန်းကျင်ရှိ လူများက မြောင်းဘောင်ပေါ်သို့ ဆယ်ယူခဲ့ရာ သေဆုံးသူမှာ သမီးဖြစ်သူ မ-------- ဖြစ်ပြီး လူသတ်တရားခံအား ဖော်ထုတ်ဖမ်းဆီး အရေးယူပေးရန် မိခင်ဖြစ်သူ ဒေါ်------က ပွင့်ဖြူ မြို့နယ်လယ်ကိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညီဝင်း ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ခရိုင်အထူးစုံစမ်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးရာ ဇီးကိုင်းကျေးရွာနေ မသင်္ကာတရားခံ ညီညီနှင့် နက်ပု တို့အား တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ညီညီ ၏ ခန္ဓာကိုယ်အနှံ့တွင် ကုတ်ခြစ်ဒဏ်ရာများ တွေ့ရှိခဲ့ပြီး၊ ၎င်းက သေဆုံးသူ မအိဇင်ထွန်း ၏ အလောင်းအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းသိဏ်း ၏ ဆေးစစ် ချက် အရ မ-------- မသေဆုံးမီ ကာမစပ်ယှက်ထားသည့် လက္ခဏာတွေ့ရှိခဲ့ရာ ညီညီ အား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပွင့်ဖြူမြို့နယ်၌ မုဒိမ်းမှု လူသတ်တရားခံအား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ပွင့်ဖြူမြို့နယ်၌ မုဒိမ်းမှု လူသတ်တရားခံအား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.