မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ


ဇွန်လ ၁၄ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တုန်ခန်ကျေးရွာ အနီးတွင် ယနေ့ မနက် ၇ နာရီခွဲ ဝန်းကျင် ၌ မန္တလေး- မူဆယ် ခရီးသည် တင်ယာဉ် တိမ်းမှောက်ပြီး ယာဉ်နောက်လိုက် ၂ ဦးသေဆုံး၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေး မှ မူဆယ်သို့တက်လာသည့် မူဆယ်သူ ခရီးသည် တင် မှန်လုံ ကားသည် အရှိန်ဖြင့် မောင်းလာပြီး လူတင်ဆောင်လာသည့်ဗင်ကားအား တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သည် ဟု မူဆယ်မြို့ ဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။

“ ယာဉ်တိမ်းမှောက်မှု မှာ စပယ်ယာ ၂ ဦးသေ၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာကတော့စိုးရိမ်မှု မရှိဘူး။ အခု ပြည်သူ့ဆေးရုံ ပို့ထားတယ်” ဟု ဦးသောင်းထွန်း က ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည့်နေရာသည် ယခင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ဖူးသည့်နေရာ ဖြစ်ပြီး၊ ယာဉ်မောင်းများအနေဖြင့် ကားကို အရှိန်လျှော့မောင်းကြရန် လိုအပ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး ယာဉ်မောင်းကို မူဆယ်မြို့ ရဲစခန်း မှ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ