မိုင်းပန်မြို့ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ လက်နက်တွေသိမ်းဆည်းရမိ


မိုင်းပန်၊ ဇွန် ၁၄

ဟွန်ဒါအဲဝေ့ဖ် မော်တော်ကားတစ်စီးကို တားဆီး စစ်ဆေးရာကနေ မိုင်းပန်မြို့၊ တာဆန်းပူးပေါင်းရေးဂိတ်မှာ ဇွန်လ ၁၃ရက် ညနေပိုင်းက လက်နက်တွေဖမ်းဆီးရမိပါတယ်။

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က မိုင်းတုံမှ နမ့်စန်မြို့ဘက်ကို မောင်းနှင်လာတဲ့ Honda Wave အုတ်အနီရောင် မော်တော်ယာဉ်အား တာဆန်းပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရပ်တန့်ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်ရဲ့ နောက်ခန်းထိုင်ခုံအောက်မှာ ဝှက်ယူလာတဲ့ M-22 သေနတ်(၁) လက်၊ သေနတ်နံပါတ် ၁၉၆၄-၄၃၄၂၃ ၎င်းကျည်(၂) ခု (ကျည်မပါ) တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီမော်တော်ယာဉ်ကို အသေးစိပ်ထပ်မံရှာဖွေစစ်ဆေးရာမှာ မော်တော်ယာဉ်ရဲ့ နောက်ခန်းထိုင်ခုံ အောက်မှာ ဖွက်ပြီးယူလာတဲ့ M-22 သေနတ်(၁) လက် (ကျည်မပါ) ၊ ၉ မမပစ္စတို (အီတလီလုပ်) (၁) လက် ၊ ၎င်းကျည်အိမ် (၂) ခု (ကျည်မပါ)၊ ၉ မမ (အော်စတေးလျား) လုပ် (၁) လက် ၎င်းကျည်အိမ်(၁)ခု (ကျည်မပါ)၊ XO (ဖိလစ်ပိုင်လုပ်) အူဇီ(၁) လက် ကျည်အိမ် (၁) ခု၊ ၉ မမမီလီမီတာကျည် (၁၃)တောင့်၊ ငွေ (၃) သိန်းကျပ် နှင့်လက်ကိုင် ဖုန်း အဖြူရောင် (၂) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိပြီး မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ၊ အကွက်(၁)နေယာဉ်မောင်း စိုင်းဆိုင်မှိုင်း (၂၅) နှစ်နဲ့ ယာဉ်ပေါ်လိုက်ပါလာသူ အိုက်ထိုင်း (၂၀) နှစ် တို့ကို မိုင်းပန်မြို့မ ရဲစခန်းမှ (ပ)၁၂/၂၀၁၉ လက်နက်ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရပါတယ်။

ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
မိုင်းပန်မြို့ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ လက်နက်တွေသိမ်းဆည်းရမိ မိုင်းပန်မြို့ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ လက်နက်တွေသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.