ဂျပန်မှာ ပွဲဆူသွားတဲ့ ကင်မ် ကာဒက်ရှီယန်ရဲ့ ကီမိုနို

Kardashian West's Twitter
အမေရိကန် ရုပ်မြင်သံကြား နာမည်ကြီး ဆယ်လီ တဦး ဖြစ်သူ ကင်မ် ကာဒက်ရှီယန် ဝက်စ် ဟာ Kimono Intimates လို့ အမည်ပေးထားတဲ့ ကိုယ်ကျပ်အတွင်းခံ တံဆိပ်သစ်တစ်ခု ထုတ်လိုက်တဲ့အတွက် ဂျပန်လူမျိုးတွေ အကြီးအကျယ် ဒေါသူပုန်ထခဲ့ကြပါတယ်။

ကီမိုနို ဆိုတဲ့ စာလုံးကို ဒီတံဆိပ်ထဲမှာ ထည့်သွင်းထားတာဟာ ဂျပန် ယဉ်ကျေးမှုကို စော်ကားလိုက်တာ ဖြစ်ပြီး ဒီကိုယ်ကျပ် အတွင်းခံဟာ ဂျပန်တွေရဲ့ ရိုးရာ ကီမိုနိုဝတ်စုံနဲ့ ဘာဆိုဘာမှ သဏ္ဍာန်တူတာ မရှိဘူးလို့ ဂျပန်လူမျိုးတွေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။
ကီမိုနိုကို ဂျပန် ရိုးရာဝတ်စုံအဖြစ် ၁၅ ရာစုကတည်းက ဝတ်ဆင်လာခဲ့ကြ
ဂျပန်နိုင်ငံမှာ ကီမိုနို ဝတ်စုံကို ၁၅ ရာစုနှစ်လောက်ကတည်းက ဂျပန်ရိုးရာ ဝတ်စုံအဖြစ် ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကင်မ် ကာဒက်ရှီယန် ဝက်စ် ကတော့ သူ့ရဲ့ ကိုယ်ကျပ် အတွင်းခံ တံဆိပ်ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အချိုးအစား ကောက်ကြောင်းတွေကို အသားပေး ဖော်ကျူးထားတာလို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
ဂျပန်မှာ ပွဲဆူသွားတဲ့ ကင်မ် ကာဒက်ရှီယန်ရဲ့ ကီမိုနို ဂျပန်မှာ ပွဲဆူသွားတဲ့ ကင်မ် ကာဒက်ရှီယန်ရဲ့ ကီမိုနို Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.