မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူ(၂)ဦးထံမှ ပစ္စည်းနှင့် ငွေများလုယက်သူ အမျိုးသား (၃)ဦးအား လုယက်ပြီးချိန်၌ပင် ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၂၇

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူ(၂)ဦးထံမှလက်ကိုင်ဖုန်း(၂)လုံး၊ နာရီ (၁)လုံး၊ ငွေစက္ကူရောရာ(၅၀,၀၀၀) ကျပ် လုယက်သူ အမျိုးသား (၃)ဦးအား ဖမ်းဆီးရမိကာ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရှိ ရသည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်နေပိုင်စိုးဦး(၂၅)နှစ်နှင့် သူငယ်ချင်းဖြစ်သူ မိုးကုတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ မ ××××(ခ)×××× (၂၅)နှစ်တို့သည် ဇွန်လ ၂၆ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က အောင်မြေသာဇံမြို့နယ်၊ ၇၇ x ၇၈ လမ်းကြား၊ ၁၂ လမ်း၊ ကျုံးဘေး၌ စကားထိုင်ပြောနေစဉ် အမည်မသိအမျိုးသား လူငယ်(၃)ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ(၁)ဦးမှ ပိုင်စိုးဦး၏လည်ပင်အား ဓားဖြင့်ထောက်၍ ၎င်းထံမှ iPhone-X အမျိုးအစား အနက်ရောင်ဖုန်း (၁)လုံးနှင့်မ××××(ခ)×××× ထံမှ Redmi-7 အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ လက်ပတ် နာရီ(၁)လုံး၊ ငွေစက္ကူရောရာ(၅၀၀၀၀)ကျပ်တို့အား လုယူခဲ့သည်။

ထို့နောက် ပိုင်စိုးဦး တို့စီးလာ သည့် ဆိုင်ကယ်သော့အားပေးအပ်ရန် ခြိမ်းခြောက်ပြောဆိုတောင်းခံသဖြင့် ပေးအပ်ခဲ့ပြီး ၎င်းတို့ (၂)ဦးအား ကျုံးရေပြင်ကာရံထားသည့် သံဘောင်တန်းအားကျော်၍ ကျုံးရေပြင်ဘက်သို့သွားရန် ပြောဆိုကာ လူငယ်(၃)ဦးမှ ထွက်ပြေးမည်ပြုစဉ် လှည့်ကင်း/ရပ်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ပိုင်စိုးဦးက အကူအညီတောင်းခံခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါလူငယ် (၃)ဦးအား လိုက်လံဖမ်းဆီးစစ်ဆေးရာ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ အောင်ပြည့်စုံ (ခ)အောင်လေး(ခ)အောင်ကြီး(၂၂)နှစ်၊ သိုးခြံဘူတာအနီးနေ အောင်ပိုင်(၁၉)နှစ်နှင့် တရုတ်တန်း ရပ်ကွက်နေ အောင်ဇော်ထွန်း(ခ)ချန်ကြီး(ခ)ချန်ဓူးဝမ်(၂၅)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ပိုင်စိုးဦးမှ တိုင်တန်းသဖြင့် အောင်မြေသာဇံမြို့နယ်၊ အမှတ်(၄)နယ်မြေရဲစခန်း(ပ)၃၈၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူ(၂)ဦးထံမှ ပစ္စည်းနှင့် ငွေများလုယက်သူ အမျိုးသား (၃)ဦးအား လုယက်ပြီးချိန်၌ပင် ဖမ်းဆီးရမိ မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူ(၂)ဦးထံမှ ပစ္စည်းနှင့် ငွေများလုယက်သူ အမျိုးသား (၃)ဦးအား လုယက်ပြီးချိန်၌ပင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.