မြိတ်တွင် ဆိုင်ကယ်Taxi မောင်းနှင်သူ တူမီးသေနတ်ဖြင့် အပစ်ခံရ


2.5.2019

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာတွင် မေလ ၂ ရက်နေ့ ၊ ည ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်းသိရပါတယ်။


မြို့သစ်ဆိပ်ခံဗောတံတားမှ ညစောင့်ဝန်ထမ်းရဲ့သား ဝင်းနိုင်(၄၄)နှစ်ဆိုသူဟာ ရေနံမြေရပ်ကွက် ၌ ညဘက်ဆိုင်ကယ်taxi ဆွဲရာ အမည်မသိမျိုးသားနှစ်ဦးမှ ကုန်းဖောက်လမ်း ဝန်ထမ်းစုပေါင်းရုံးအနီးသို့လိုက်ပို့ရန် ပြောဆိုတာကြောင့် ဝင်းနိုင်မှ ပို့ဆောင်ပေးရာမြိတ်တောင်ကျေးရွာ၊ ကုန်းဖောက်လမ်း၊ တံတားထိပ်(အထပ်သားစက်ရုံအနီး)အရောက်တွင် နောက်မှ လိုက်ပါလာသူက တူမီးသေနတ်ဖြစ်ပစ်ခတ်တာကြောင့် ဝင်းနိုင်တွင် ညာကျောဘက်တွင် ယမ်းမှုန့်များစွဲကပ်ပြီး ညာဘက်ရင်အုံ၌ ပေါက်ထွက်ဒဏ်ရာရရှိ၍ အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့တင်ပို့ထားကြောင်းသိရပါတယ်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူအား ရဲတပ်ဖွဲ့မှစုံစမ်းနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
မြိတ်တွင် ဆိုင်ကယ်Taxi မောင်းနှင်သူ တူမီးသေနတ်ဖြင့် အပစ်ခံရ မြိတ်တွင် ဆိုင်ကယ်Taxi မောင်းနှင်သူ တူမီးသေနတ်ဖြင့် အပစ်ခံရ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.