မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အချို့ပျက်စီး

မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အချို့ပျက်စီး

မိုးညို မေ ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေ၂ရက်ညနေ ၄ နာရီခွဲက လပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် သရက်ကုန်းကျေးရွာ၊ ခွက်မကျေးရွာ၊ ဗေဗာဓိကုန်းရွာ၊ ဖုတ်လူးရွာတို့မှ နေအိမ်အချို့ ပြိုလဲပျက်စီးခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့်ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးအကာ ပျက်စီးနေအိမ်(၃)လုံး ဖြစ်ကာ လေဘေးသင့်အိမ်ထောင်စု(၆)စု လေဘေးင့်ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် ပျက်စီးနေအိမ်များအားပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည်များကိုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များမှကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အချို့ပျက်စီး မိုးညိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်အချို့ပျက်စီး Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.