ချင်းပြည်နယ် ဝန်ထမ်း တပ်မတော်သားတွေ ရိုက်နှက်

မတူပီဌာနေတပ်က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုခံရတဲ့ မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်း စလိုင်း ဘာဝီ ကို တွေ့ရစဉ်  / Photo: Chin Human Rights Org
ချင်းပြည်နယ် မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်းတစ်ဦးကို မီးဖြတ်လို့ဆိုပြီး မတူပီဌာနေတပ်က တပ်မတော်သား ခြောက်ဦးက လာရောက်ပြီး ရိုက်နက်သွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မေလ ၁ဝ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရိုက်နှက်မှုဟာ ဧပြီလ ၂ဝ ရက်နေ့ကဖြစ်ခဲ့ပြီး အရိုက်ခံရတဲ့ ဝန်ထမ်း စလိုင်း ဘာဝီ ဟာ  မတူပီမြို့ ဘန်တလာရေအားလျှပ်စစ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

ဘုန်တလာရေအားလျှပ်စစ် စက်ရုံက ဝန်ထမ်းတစ်ဦးကို တပ်မတော်သားတွေ ရိုက်နှက်သွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ