ဘင်္ဂလားဒေ့ရှ် လေယာဉ်ပျက်က ဝန်ထမ်းတွေ အိမ်ပြန်ပြီ

ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းက ပြေးလမ်းချော်ပျက်စီးခဲ့တဲ့ လေယာဉ်ကို ရန်ကုန်လေဆိပ်မှာ ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ် ။Photo: Handout / Myanmar Department of Civil Aviation / AFP
ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အဆင်းမှာ လမ်းချော်သွားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဘာမင်လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ ဝန်ထမ်းများ သောကြာနေ့က ဘာမင်အထူးလေယာဉ်နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။

လေယာဉ်ဝန်ထမ်းတွေမှာ လေယာဉ်မှူးနှစ်ဦး၊ ဝန်ထမ်နှစ်ဦးနဲ့ အင်ဂျင်နီယာ နှစ်ဦးတို့ ပါဝင်ပါတယ်။ သူတို့ဟာ လေယာဉ်လမ်းချော်တဲ့ကိစ္စ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်စရာတွေ ပြီးမြောက်သွားပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ထွက်ခွာတာဖြစ်ပါတယ်။

လမ်းချော်သွားတဲ့ လေယာဉ် BG 060 ပေါ်မှာ ဝန်ထမ်းနဲ့ ခရီးသည် ၃၅ ဦးပါရှိပြီိး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ၁၈ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းက လေးဦးဆေးရုံက ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ