လွိုင်ကော်-ရှားတောသွားကားလမ်းပိုင်း၌ ယာဉ်တစ်စီးချောက်ထဲထိုးကျ၍ ယာဉ်မောင်းသေဆုံးကာ သုံးဦးဒဏ်ရာရ


ရှားတော မေ ၂၅

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းစုစည်းကျေးရွာတွင် လွိုင်ကော်မှ ရှားတောသို့ မောင်းနှင်လာသော ယာဉ်တစ်စီး မေ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း ကီလိုတိုင်အမှတ် ၃၉.၅ နှင့် ၄၀ အကြား (ပွန်ချောင်းရွာအထက်(၅)မိုင် ) ဘေလီတံတားပေါ်ကွေ့တွင် ကားနောက်ပြန်လိမ့်ကျရာမှ ချောက်ထဲထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်းအတိုင်း ယာဉ်မောင်းဦးနဲရယ်(၃၅နှစ်)မောင်းနင်လာသည့် YGN 6H/-----တိုယိုတာယာဉ်သည် ဘေလီတံတားအပေါ်ကွေ့ အတက်ကွေ့အားကွေ့တက်စဉ် ဂီယာပြုတ်၍ ကားနောက်ပြန်လှိမ့်ကျကာ ပေ(၁၀၀)ခန့်အနက် ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဦးနဲရယ်သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူသုံးဦးမှာ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသဖြင့် ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှားတောမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လွိုင်ကော်-ရှားတောသွားကားလမ်းပိုင်း၌ ယာဉ်တစ်စီးချောက်ထဲထိုးကျ၍ ယာဉ်မောင်းသေဆုံးကာ သုံးဦးဒဏ်ရာရ လွိုင်ကော်-ရှားတောသွားကားလမ်းပိုင်း၌ ယာဉ်တစ်စီးချောက်ထဲထိုးကျ၍ ယာဉ်မောင်းသေဆုံးကာ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 02:33 Rating: 5
Powered by Blogger.