အင်ဒိုနီးရှားမှာ ရေကြီးလို့ လူ ၁၀ ယောက်သေပြီး ထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းပေးထား

Photo-AFP

ဆူမတြား၊ ဧပြီ ၂၈

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းပေါ်မှာ ရက်ပိုင်းလောက် မိုးကြီးခဲ့လို့ ရေကြီးပြီး မြေပြိုမှုတွေဖြစ်တဲ့အတွက် အနည်းဆုံး လူ ၁၀ ယောက်သေဆုံးပြီး ၈ ယောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

လူ ၁၂၀၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။

တချို့နေရာတွေမှာ ရေပြန်ကျနေပေမဲ့ အပျက်အစီးအတိအကျကို မသိရသေးသလို တချို့နေရာတွေနဲ့ အဆက်အသွယ်ပြတ်နေတုန်းပဲလို့ အင်ဒိုနီးရှား သဘာဝဘေးဆိုင်ရာအေဂျင်စီပြောခွင့်ရသူ ဆူတိုပို ပါဝို နူဂရိုဟို ကပြောပြီး မိုးထပ်ကြီးဦးမယ်ဆိုရင် ရေကြီးမြေပြိုနိုင်ချေပိုများတယ်လို့လည်း သတိပေးပါတယ်။
Photo-AFP
ကျန်းမာရေးနဲ့မညီတာနဲ့ သန့်ရှင်းတဲ့ရေမရနိုင်တာတို့ကြောင့် အရေပြားရောဂါတွေနဲ့ အဆုတ်ရောဂါတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးပါတယ်။

ရေကြီးမြေပြိုတာကြောင့် လမ်းတွေပျက်စီးပြီး အကူအညီပေးရေးလုပ်ငန်းတွေနှောင့်နှေးနေတယ်လို့ နူဂရိုဟိုကပြောပါတယ်။

အောက်တိုဘာနဲ့ဧပြီကြား မုတ်သုံရာသီဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာ ရေကြီးမြေပြိုတဲ့ဒဏ် မကြာခဏခံရလေ့ ရှိပါတယ်။

Source-Bangkok Post
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
အင်ဒိုနီးရှားမှာ ရေကြီးလို့ လူ ၁၀ ယောက်သေပြီး ထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းပေးထား အင်ဒိုနီးရှားမှာ ရေကြီးလို့ လူ ၁၀ ယောက်သေပြီး ထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းပေးထား Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.