ဆိုင်ကလုန်း ဖာနီ အန္တရာယ်ကနေ မြန်မာနိုင်ငံစိတ်မချရသေးတာကြောင့် သတိထားဖို့ နှိုးဆော်ထား

ဓာတ်ပုံ - Tun Lwin’s FB

တာချီလိတ်၊ ဧပြီ ၂၉

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ လာမယ့် (၉၆) နာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်ကို ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် လုံးဝစိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဧပြီလ ၂၉ရက် ညနေ (၅)နာရီခန့်က တိုက်တွန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Severe Cyclonic Storm) အဖြစ် ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ Chennai မြို့ရဲ့ အ ရှေ့တောင် ယွန်းယွန်း (၄၅၀) ကီလိုမီတာအကွာ ရေပြင်ပေါ်မှာ ဗဟိုပြုနေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။
ဓာတ်ပုံ - Tun Lwin’s FB
နောက်(၉၆)နာရီအကြာမှာ လေတိုက်နှုန်း 110 knots ခန့်ရှိလာနိုင်ပြီး အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဖြစ်ကိုရောက်ရှိလာနိုင်ပြီး နောက် နာရီ (၁၂၀)အကြာမှာ အိန္ဒိယအရှေ့မြောက် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြီးဟာ အလွန်အားကောင်းတဲ့ အဆင့်ကို ရောက်လာနိုင်တဲ့အပြင် လတ္တီကျုဒ်အားဖြင့် 10°N အောက် နိမ့်နေသေးတာကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ်ကနေ လုံးဝစိတ်ချရတဲ့ အနေအထားမဟုတ်သေးဘူးလို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

မုန်တိုင်းဟာ ခန့်မှန်းချက်အတိုင်း ရွေ့လျားခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ မုတ်တိုင်းအန္တရာယ်ကနေ လုံးဝကင်းရှင်းနိုင်ပေမယ့် အချိန်နဲ့အမျှ ပြောင်းလဲနိုင်တဲ့ သဘာဝဖြစ်စဉ် ဖြစ်တာကြောင့် မုန်တိုင်းသတင်းကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ကြဖို့ ဒေါက်တာထွန်းလွင်က နှိုးဆော်ထားပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ဆိုင်ကလုန်း ဖာနီ အန္တရာယ်ကနေ မြန်မာနိုင်ငံစိတ်မချရသေးတာကြောင့် သတိထားဖို့ နှိုးဆော်ထား ဆိုင်ကလုန်း ဖာနီ အန္တရာယ်ကနေ မြန်မာနိုင်ငံစိတ်မချရသေးတာကြောင့် သတိထားဖို့ နှိုးဆော်ထား Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.