မင်းလှမြို့နယ်ရှိ ဘုရားပွဲတစ်ခုတွင် Faw ကားတစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၅ ဦးသေဆုံး


မန္တလေး-၃ ဒီဇင်ဘာ

မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊ ရွှေကြီးမြင့်ဘုန်းကြီး ကျောင်းဘုရားပွဲဈေးတန်းတွင် Faw ကားတစ်စီး ဘရိတ်ပေါက်ပြီး ဝင်လာမှုကြောင့် လူငါးဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈နာရီခန့်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊ ရွှေကြီးမြင့်ဘုန်းကြီး ကျောင်းဘုရားပွဲဈေးတန်း၌ ဘန့်ဘွေးကုန်းကျေးရွာဘက်မှ စိန်ကန့်လန့်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် (၆)ဘီး Faw ယာဉ်သည် ဘရိတ်ပေါက်၍ လမ်းယာဘက်ရှိ ပွဲဈေးလာသည့် လူအုပ်အတွင်း ဝင်ရောက် တိုက်မိခဲ့မှုဖြစ်ပွားခဲ့သည်။


အဆိုပါယဉ်တိုက်မှုကြောင့် စိန်ကန့်လန့်ကျေးရွာ ၊မင်းလှမြို့နယ်နေသူ ၅ ဦး (ကျား ၂၊ မ ၃)တို့တွင် ဦးခေါင်း ၊ နောက်စေ့ ချိုင့်ဝင် ညိုမဲ၊ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး လူ ၂၀ ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူအား မင်းလှမြို့မရဲစခန်းယာဉ်(ပ) ၅၀/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင် စေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။

အိမို့မို့ခိုင်
Photo -မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မင်းလှမြို့နယ်ရှိ ဘုရားပွဲတစ်ခုတွင် Faw ကားတစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၅ ဦးသေဆုံး မင်းလှမြို့နယ်ရှိ ဘုရားပွဲတစ်ခုတွင် Faw ကားတစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.