ကော့သောင်းရေပြင်၊ အောင်ဘာကျေးရွာအနီးတွင် ဝါလတ်(ဒရွတ်ဆွဲ)လှေတစ်စီး မီးလောင်မှုဖြစ်ပွား


ကော့သောင်းရေပြင်၊ အောင်ဘာကျေးရွာအနီးတွင် ဝါလတ်(ဒရွတ်ဆွဲ)လှေတစ်စီး ဒီဇင်ဘာ ၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကော့သောင်း စစ်ဆေးရေးစခန်းမှ စစ်ဆေးမှုခံယူပြီး မြိတ်မြို့သို့ ထွက်ခွာလာသည့် မြတ်သိန်းတန် အမည်ရှိ ဒရွတ်ဆွဲငါးဖမ်းရေယာဉ်သည် ပဲ့နင်း ဦးဝင်းသိန်းထိုက် အပါအဝင် လှေသား ၃ ဦးဖြင့် ထွက်ခွာလာစဉ် အောင်ဘာကျေးရွာအနီး၌ ရေယာဉ်စက်ခန်းတွင် စက်ချို့ယွင်းမှုမှ တဆင့်မီးလောင်မှုဖြစ်ပွားပြီးနစ်မြုပ်သွားကြောင်းသိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာသို့ "အဏ္ဏဝါစိုး -၁၁"ဒရွတ်ဆွဲငါးဖမ်းရေယာဉ်ရောက်ရှိလာပြီး လူများကိုကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပါတယ်။

မီးလောင်မှုကြောင့်ပစ္စည်းတန်ဖိုး သိန်း ၆၅၀ ကျော် ဆုံးရှုံးသွားပြီး ရေယာဉ်အားပြန်လည်ဆယ်ယူနိုင်ရန် "ယမင်းအောင်"ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်နေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik
ကော့သောင်းရေပြင်၊ အောင်ဘာကျေးရွာအနီးတွင် ဝါလတ်(ဒရွတ်ဆွဲ)လှေတစ်စီး မီးလောင်မှုဖြစ်ပွား ကော့သောင်းရေပြင်၊ အောင်ဘာကျေးရွာအနီးတွင် ဝါလတ်(ဒရွတ်ဆွဲ)လှေတစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.