ကားဘီးပေါက်လို့ လမ်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး (၂)ဦး ကားတိုက်ခံရလို့ သေဆုံ


ဒီဇင်ဘာလ(၇)ရက်​​နေ့ ည(၁၀း၁၅) နာရီအချိန်​ခန့် က နေပြည်တော် - မန္တလေးလမ်း မိုင်​တိုင်​အမှတ်​ ၂၅၉/၁-၂၅၉/၂ ကြားတွင် ကားဘီးပေါက်လို့ လမ်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး (၂)ဦး ကားတိုက်ခံရလို့ သေဆုံးသွားကြောင်း သိရပါတယ်။


အဆိုပါ ဘီးပေါက်တဲ့ယာဉ်မှာ ယာဉ်​​မောင်း ကိုမြင့်​သိန်း၊ ၅၀ နှစ်​၊ နွားထိုးကြီးမြို့နယ်​​နေသူ ​မောင်းနှင်ပြီး ယာဉ်​အမှတ်​ MDY 8D-5883 Light Truck အမျိုးအစား အဖြူ​ရောင်​ယာဉ်​ဖြစ်ပါတယ်။

ဘီး​ပေါက်လို့  ယာဉ်ကို လမ်းဘေး မြေသားလမ်း​ပခုံးတွင်​ တင်​ရပ်​ပြီး ယာဉ်မောင်းက ဘီးသွားဖာ​နေစဉ်​ ယာဉ်​​ပေါ်ပါသူ ​ဒေါ်မြခင်​နှင့် ​ဒေါ်​အေးမြင့်​ တို့သည်​ ကားအနီး လမ်း ဘေးတွင်​ ထိုင်​​နေစဉ်​ ကားတိုက်ခံရတာပါ။


လားရာတူမှ ​မောင်းနှင်​လာတဲ့ ယာဉ်​အမှတ်​ YGN 4K- 7056 Hijet အမျိုးအစား အဖြူ​ရောင်​ယာဉ်​၊ ယာဉ်​​မောင်း(ထွက်ပြေး - စုံစမ်းဆဲ)မှ အရှိန်မထိန်းနိုင်​ဘဲ ဝင်​​ရောက်​တိုက်​မိပြီး အမျိုးသမီးနှစ်​​ယောက်​မှာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
ကားဘီးပေါက်လို့ လမ်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး (၂)ဦး ကားတိုက်ခံရလို့ သေဆုံ ကားဘီးပေါက်လို့ လမ်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး (၂)ဦး ကားတိုက်ခံရလို့ သေဆုံ Reviewed by THITHTOOLWIN on 10:20 Rating: 5
Powered by Blogger.