အစ်ကိုမှ ညီမအရင်းကို မုဒိန်းကျင့်မှုဖြစ်ပွား


မုံရွာ၊ ဒီဇင်ဘာ ၉၊ ၂၀၁၈။

စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နောင်ကွက်ရွာတွင် ဒီဇင်ဘာ ၆ ရက်နေ့၌ အစ်ကိုက ညီမအရင်းကို မုဒိန်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အင်းတော်မြို့နယ်၊ မော်လူးနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိဘများအပြင်သွားခိုက် မောင်နှမနှစ်ဦးသည် အခန်းထဲတွင် အတူရှိနေစဉ် အသက် ၁၈ နှစ်အရွယ်အစ်ကိုမှ ၁၂ နှစ်အရွယ် ညီမကို မုဒိန်းပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

၎င်းကို မုဒိန်းကျင့်ကြောင်း သမီးမှ မိခင်ဖြစ်သူအား တိုင်တန်း သဖြင့် မိခင်ကိုယ်တိုင် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

မုဒိန်းမှုကျူးလွန်သူအား ရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး၍ အခင်းဖြစ်ပွားစဉ်က မိန်းကလေးဝတ်ခဲ့သော ကျောင်းစိမ်းအကျီ င်္တို့အား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းပြီး မူခင်းဆေးစစ်ချက်ယူနေကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
အစ်ကိုမှ ညီမအရင်းကို မုဒိန်းကျင့်မှုဖြစ်ပွား အစ်ကိုမှ ညီမအရင်းကို မုဒိန်းကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.