သရုပ်ဆောင်မိုးအောင်ရင်အား ထောင်ဒဏ် ၁၂ နှစ် ချမှတ်


သရုပ်ဆောင်မိုးအောင်ရင်အား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက် ကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင်မိုးအောင်ရင် ကို ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်အတွက် အရှေ့ပိုင်းခရိုင်တရားရုံး က ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်မိုးအောင်ရင်နှင့်အတူ ဖမ်းဆီးခဲ့သည့် ဘုန်းမြင့်အောင် (ခ) ဒေးဗစ်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် ၁၂ နှစ်၊သုံးစွဲမှု ပုဒ်မ ၁၅ဖြင့် ၃ နှစ်၊ လူလူသန်းဦးအား သုံးစွဲမှုဖြင့် ၃ နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်း က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်မိုးအောင်ရင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ၁၅၊၁၆(ဂ)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ထားသေးရာ သရုပ်ဆောင် မိုးအောင်ရင်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ကျခံရမည်ဖြစ်သည်။

၂ဝ၁၆ သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေမှ မိုးအောင်ရင် နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင် အား တွေ့ရှိခဲ့ခြင်းမရှိဘဲ မိုးအောင်ရင်ရဲ့ သူငယ်ချင်း ဖြစ်သူ နှစ်ဦးကိုတော့ ဆေးခြောက်တွေနဲ့ အတူဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိတဲ့ သူရဲ့ ရည်စားဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
သရုပ်ဆောင်မိုးအောင်ရင်အား ထောင်ဒဏ် ၁၂ နှစ် ချမှတ် သရုပ်ဆောင်မိုးအောင်ရင်အား ထောင်ဒဏ် ၁၂ နှစ် ချမှတ် Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.