စစ်ကိုင်း ကောင်းမှုတော်ဘုရား ထုံးသင်္ကန်း ပြန်လည်ကပ်လှူမယ့် အစီအစဉ်စတင်

စစ်ကိုင်းမြို့က ကောင်းမှုတော်ဘုရားကြီးကို တွေ့ရစဉ်/ Photo: Khaymani Win/ RFA
ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် အကုန်အကျခံကာ ပြန်လည်မွမ်းမံမယ့် စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုရားကို အရင်ကအတိုင်း အဖြူရောင်ရှိတဲ့ ထုံးသင်္ကန်း ပြန်လည်ကပ်လှုဖို့ သီတဂူ ဆရာတော် ဦးစီးပြီး ဆောင်ရွက်မှာဖြစ် ပါတယ်။

ကောင်းမှုတော် ဘုရားဝင်းအတွင်းက အောင်မြေဗောဓိ ဓမ္မာရုံမှာ သီတဂူ ဆရာတော်ကြီးက ပြန်လည် မွမ်းမံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ မနက်က သြဝါဒစကား မိန့်ကြားခဲ့ပါတယ်။

ရွှေသင်္ကန်းကနေ ထုံးသင်္ကန်း ကပ်လှူဖို့အတွက် အောင်ပြည်တန် ကုမ္မဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး လာမယ့် တပေါင်းလပြည့်နေ့ မတိုင်မီ အပြီးဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
စစ်ကိုင်း ကောင်းမှုတော်ဘုရား ထုံးသင်္ကန်း ပြန်လည်ကပ်လှူမယ့် အစီအစဉ်စတင် စစ်ကိုင်း ကောင်းမှုတော်ဘုရား ထုံးသင်္ကန်း ပြန်လည်ကပ်လှူမယ့် အစီအစဉ်စတင် Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.