ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တွင် မြန်မာနိုင်ငံသား အလုပ်သမား မိသားစု အသတ်ခံရ


December 16 ,2018

မဲဆောက်မြို့  မဲသောင် ရပ်ကွက် ထစိုင်လွတ်ကျေးရွာအမှတ်(၁) အတွင်း မြန်မာနိုင်ငံသားတွေအများစုနေထိုင်နေကြတဲ့ အလုပ်သမား လိုင်းခန်းမှာ ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းက မိသားစုဝင် (၄)ဦး သေဆုံးနေတာကို ရပ်ကွက်နေထိုင်သူတွေရဲ့  တိုင်းကြားချက်အရ မဲဆောက်မြို့  ရဲစခန်းက တာဝန်ရှိသူတွေ လာရောက် စစ်ဆေးခဲ့ကြပါတယ်။

ရိုက်နှက်ထားတဲ့ ဒဏ်ရာ တွေနဲ့  သေဆုံးနေသူ မိသားစုဝင် (၄)ဦးဟာ အဒါး(၄၅)နှစ် ဇနီးဖြစ်သူ မခင်လှ(အသက်(၄၀) နဲ့  သားနှစ်ဦး (၄)နှစ်သားနဲ့  (၄)လသာရှိသေတဲ့ ခလေးနှစ်ဦးတို့ ဖြစ်ပါတယ်။

(၄)နှစ်သား ခလေးငယ်ကိုတော့ သတ်ပြီး ရေကန်ထဲ ပစ်ချသွားခဲ့တာဖြစ်ပါတယ်။


အနီးပါတ်ဝန်းကျင်မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့  ပြောဆိုချက်အရ သေဆုံးသူမိသားစုနဲ့  တခြား မြန်မာမိသားစု တို့  စကားများရန်ဖြစ်နေသံတွေကြားခဲ့ရပြီး
လူအုပ်စုလိုက် ၀ါးလုံးတွေ သစ်သားဒုတ်တွေနဲ့ မသေမချင်း ၀ိုင်းရိုက်ခဲ့ကြတာပါ။

သေဆုံးသူမိသားစုကို သတ်သွားကြတဲ့ မိသားစုဝင်တွေကို ရဲတွေကလိုက်လံ ဖမ်းဆီးနေပြီဖြစ်ပါတယ်။ မဲဆောက်မြို့ မှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေမှာ ကျူးလွန်သူ အများစုဟာ တဖက်နိုင်ငံ မြ၀တီဖက်ကို နာရီပိုင်းအတွင်းမှာ ထွက်ပြေး တိမ်ရှောင် သွားနေကြတာကြောင့် လူသတ် တရားခံတွေကို ဖမ်းမိနိုင်ဖို့  နယ်စပ်တလျှေက်က စစ်ဆေးရေးဂိတ်တွေမှာပိတ်ဆို့ ရှာဖွေနေကြောင်း သိရပါတယ်။

SAW
Creditပုံ 77 Maesot Police
Social Action for Children and Women - SAW
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တွင် မြန်မာနိုင်ငံသား အလုပ်သမား မိသားစု အသတ်ခံရ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တွင် မြန်မာနိုင်ငံသား အလုပ်သမား မိသားစု အသတ်ခံရ Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.