မြစ်ကြီးနားမြို့နယ်၌ ကျောက်စိမ်းရိုင်းတုံး ၁၂ တန် ဖမ်းဆီးရမိ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၁၄ ရက်က တရားမ၀င် သယ်ဆောင်လာတဲ့ ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ၁၇း၁၅ အချိန်ခန့် က မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲအုပ်နိုင်လင်းထွန်း ဦးစီးပူးပေါင်းအဖွဲ့က နမ္မတီးဘက်ကနေ မြစ်ကြီးနား ဘက်ကို ဆန်းဝင်းလှိုင်(၂၄)နှစ်၊ တပ်ကုန်းရပ်ကွက်၊ မြစ်ကြီးနား မြို့နေသူ မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ တူးခိုင်(ခ) ချက်ကြီး(၂၄)နှစ်၊ လိုက်ပါလာတဲ့၂ဂ/xxxx (၁၂)ဘီးယာဉ်ကို စစ်ဆေးရာမှာ ဖမ်းဆီးမိတာဖြစ်ပါတယ်။

 ယာဉ်၏ကြမ်းခင်းနဲ့  ကိုယ်ထည်ကြားမှာ အံဝှက် ပြုလုပ် သယ်လာတဲ့ ဆာလာအိတ် ၃၀၀ အိတ်နဲ့  ထည့်ထားတဲ့ တရားမဝင်ကျောက်စိမ်း ရိုင်းတုံး ၁၂ တန်ခန့်(တန်ဖိုး-စိစစ်ဆဲ)ကို ဖမ်းဆီးရမိခဲ့ပြီး အမှု ဖွင့်ဖို့ စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
မြစ်ကြီးနားမြို့နယ်၌ ကျောက်စိမ်းရိုင်းတုံး ၁၂ တန် ဖမ်းဆီးရမိ မြစ်ကြီးနားမြို့နယ်၌ ကျောက်စိမ်းရိုင်းတုံး ၁၂ တန် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.