အင်ဂျင်ဆီပြန်ပိုက် မှ ဆီယိုစိမ့်ရာက ငါးဖမ်းရေယာဉ်တစ်စီး မီးလောင် လူအသေအပျောက်မရှိ


ဟိုင်းကြီးကျွန်း - ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်း၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ ပင်လယ်အတွင်း ဒီဇင်ဘာ ၁ရက် မွန်းလွဲ ၁နာရီအချိန်ခန့်က ဝလတ်ငါးဖမ်းရေယာဉ်တစ်စီး
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဝလတ်ငါးဖမ်းရေယာဉ်မှာ ရန်ကုန်မြို့ ဟိုင်းလုံကုမ္ပဏီ ပိုင်ရှင် ဦးမောင်မောင်အောင် ပိုင်ဆိုင်သည့် ထာဝရပိုင်အောင် (၉)ငါးဖမ်းရေယာဉ်ဖြစ်ကြောင်း၊ပဲ့နင်း(ခ)လှေဦးစီးပါရေလုပ်သား
၂၀ဦးဖြင့် ပင်လယ်အတွင်း ငါးဖမ်းနေစဉ် အင်ဂျင်ဆီပြန်ပိုက်မှ ဆီယိုစိမ့်ရာက ရုတ်တရက် မီးထလောင်ခဲ့ရာ ရေယာဉ်တစ်စီး လုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ငါးဖမ်းရေယာဉ်မီးလောင်မှု ဖြစ်ပွားရာနေရာသို့အနီးပတ်ဝန်းကျင်မှ ငါးဖမ်းရေယာဉ်များနှင့်အတူ တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီးက အချိန်မီလာရောက်ကူညီ ငြိမ်းသတ်ပေခဲ့ကြသည့်အတွက် ယင်းနေ့ မွန်းလွဲ သုံးနာရီအချိန်ခန့်တွင် မီးငြိမ်းသွားပြီးရေလုပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်ဂျင်ဆီပြန်ပိုက် မှ ဆီယိုစိမ့်ရာက ငါးဖမ်းရေယာဉ်တစ်စီး မီးလောင် လူအသေအပျောက်မရှိ အင်ဂျင်ဆီပြန်ပိုက် မှ ဆီယိုစိမ့်ရာက ငါးဖမ်းရေယာဉ်တစ်စီး မီးလောင် လူအသေအပျောက်မရှိ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.