မြန်မာက ဘင်္ဂလာဒေ့ရှ် ၁၇ ဦးကို လွဲပြောင်း


နိရဉ္စရာ၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၁၇ ဦးကို မြန်မာဘက်က ဘင်္ဂလာဒေရှ့်သို့ လွဲပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၅ ရက်နေ့က မောင်တောမြို့တွင် ပြုလုပ်သောနှစ်ဘက်နယ်ခြားစောင့်တပ်ဖွဲ့များ ဆွေးနွေးပွဲ အပြီး ၎င်းဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၁၇ ဦးကို လွဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း အိုကီးယား နယူးစ်တွင် သတင်း ဖော်ပြထားသည်။

လွဲပြောင်းသူ ၁၇ ဦးထဲတွင် ၁၂ ဦးမှာ မလေးရှားကို တရားမ၀င် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ၃ ဦးမှာ ငါးဖမ်းနေစဉ် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာ မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရာမှ ဖမ်းဆီးခံရသူများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အထဲမှ ၁၀ ယောက်မှာ တက်ကနက်မြို့နယ်မှ ဖြစ်ပြီး ၃ ဦးမှာ စစ်တကောင်း၊ ၂ ဦးမှာ ခါကာဆိုရီ (ဖလံထောင်)၊ ၁ ဦးမှာ ရာမူး၊ နောက် ၁ ဦးမှာ ကော့စ်ဘဇားမှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ပြုလုပ်သည့် အစည်းဝေးသို့ ဘင်္ဂလာဒေ့ရှ်ဘက်မှ တက်ကနက် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး အာချက်ဒူရာဟမန် ချော်ဒူရီ တက်ရောက်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာက ဘင်္ဂလာဒေ့ရှ် ၁၇ ဦးကို လွဲပြောင်း မြန်မာက ဘင်္ဂလာဒေ့ရှ် ၁၇ ဦးကို လွဲပြောင်း Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.