ပဋိဇီဝဆေး သုံးစွဲမှု လွန်ကဲနေဟု WHO သတိပေး


ကမ္ဘာ့နိုင်ငံတချို့မှာ ပဋိဇီဝဆေးဝါးသုံးစွဲမှုတွေ လွန်ကဲနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။

WHO က နိုင်ငံ ၆၅ ခုရဲ့ ပဋိဇီဝဆေးဝါးသုံးစွဲမှုတွေကို လေ့လာခဲ့ရာမှာ နယ်သာလန်နိုင်ငံမှာ လူတစ်ထောင်ကို ပဋိဇီဝဆေးဝါး နေ့စဉ် ဆေးအသုံးပြုသူ ဆယ်ဦးနီးပါးရှိပြီး ဗြိတိန်မှာ ၂ဝ ဦး၊ အီရန်နဲ့ တူရကီမှာ ၃၈ ဦးကျော် အထိ ရှိနေတာ တွေ့ရပါတယ်။ မွန်ဂိုလီးယားကတော့ နိုင်ငံအားလုံးအနက် အများဆုံးဖြစ်ပြီး လူတစ်ထောင်ကို ၆၅ ဦးလောက်က နေ့စဉ် သုံးစွဲနေတယ်လို့ ဆိုပါတယ်။

အခုလို ပဋိဇီဝဆေးအသုံးပြုမှုများတာကြောင့် ရောဂါပိုး ခံနိုင်ရည်အားတွေ ပိုမိုမြင့်မားလာနေသလို ဘက်တီးရီးယားပိုးမွှား ယဉ်ပါးမှုတွေလည်း ဖြစ်ပေါ်နေတဲ့အတွက် သက်ဆိုင်ရာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပဋိဇီဝဆေးသုံးစွဲမှုလျော့ချရေးကို အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ WHO အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပဋိဇီဝဆေး သုံးစွဲမှု လွန်ကဲနေဟု WHO သတိပေး ပဋိဇီဝဆေး သုံးစွဲမှု လွန်ကဲနေဟု WHO သတိပေး Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.