တရုတ်ပြည်က ခွေးရူးပြန်ကာကွယ်ဆေး မသမာမှုတွေ ဒဏ်ငွေချ


တရုတ်ပြည်ရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေ အနေနဲ့ စမ်းသပ်မှုရလဒ်တွေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖေါက်ရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၇ သိန်းနှစ်သောင်း ချမှတ်မယ်လို့ ဥပဒေသစ် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်တွင်း ဆေးဝါးထုတ်လုပ်ရေးမှာ မသမာမှုတစ်ရပ်နဲ့ ပတ်သက်ပြီး အများပြည်သူ ထိတ်လန့် စိုးရိမ်မှုတွေ ပေါ်ပေါက်လာခဲ့အပြီး အခုလို ဥပဒေသစ် ထွက်ပေါ်လာခဲ့တာပါ။ အဲဒီဥပဒေဟာ ကာကွယ်ဆေးတွေ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှုတွေနဲ့ အကြုံးဝင်တယ်လို့ ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့လက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ခွေးရူးပြန်ကာကွယ်ဆေး ထုတ်လုပ်ရာမှာ မသမာမှုတွေရှိခဲ့တာ ပေါ်ပေါက်ခဲ့လို့ အမေရိကန်ဒေါ်လာ ၁.၃ သန်း ဒဏ်ကြေး ချမှတ်ခဲ့ပြီး တာဝန်ရှိသူတွေကို အရေးယူခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းကလည်း တရုတ်ပြည်တွင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ ခွေးရူးပြန်ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ဆေးထုတ်လုပ်မှု မှတ်တမ်းတွေကို အတုပြုလုပ်ထားတာ တွေ့ရှိခဲ့ရပါတယ်။

အဲဒီဆေးတွေ ဈေးကွက်ထဲမရောက်ရှိသေးပေမယ့် အဲဒီအမှုကြောင့် အများပြည်သူကြား စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ပြည်က ခွေးရူးပြန်ကာကွယ်ဆေး မသမာမှုတွေ ဒဏ်ငွေချ တရုတ်ပြည်က ခွေးရူးပြန်ကာကွယ်ဆေး မသမာမှုတွေ ဒဏ်ငွေချ Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.