အောင်ပန်းမြို့တွင် သက်တမ်းလွန် အရည်အသွေးညံ့မြေသြဇာ ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိ

စားသုံးသူရေးရာ ဦးစီးဌာန၊ သက်တမ်းလွန် စိုက်ပျိုးရေးသွင်းအားစု ကျပ်သိန်းတစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိပုံ

တောင်ကြီး ၊ နိုဝင်ဘာ ၁၀

အောင်ပန်းမြို့ မှာ သက်တမ်းလွန် ၊ အရည်အသွေးညံ့ တဲ့ မြေသြဇာ ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ကာလ တန်ဖိုး ကျပ်သိန်းတစ်ထောင်ကျော်ဖိုးခန့်ကို နိုဝင်ဘာလ ၉ ရက်နေ့က သိမ်းဆည်း ရမိခဲ့တယ်လို့ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းပေးရေးအဖွဲ့ ရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းအဖွဲ့တွေက အောင်ပန်းမြို့ရှိ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဖြန့်ဖြူးရောင်းချနေတဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ ပစ္စည်းထားရှိရာနေရာတွေကို ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးရာကနေ အခုလို သက်တမ်းလွန် စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေ သိမ်းဆည်းရမိတာဖြစ်တယ်လို့လည်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာန၊ သက်တမ်းလွန် စိုက်ပျိုးရေးသွင်းအားစု ကျပ်သိန်းတစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိပုံ
" ဥပဒေနဲ့မညီပဲ သက်တမ်းလွန် ၊ အရည်အသွေးညံ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးတွေကို သိုလှောင်ထားတာတွေ၊ ရောင်းချဖြန့်ဖြူးတာတွေမလုပ်ဖို့ကို လွန်ခဲ့တဲ့ ၃လကတည်းက အရောင်းကိုယ်စားလှယ်တွေ ကို အသိပေးတာတွေ၊ ပညာပေးတာတွေ လုပ်ဆောင်ပေးထားပါတယ်၊ အခု သက်မှတ်ကာလ ကျော်သွားတဲ့အတွက် ကျွန်တော်တို့ ရှောင်တစ်ခင် စစ်ဆေးရာမှာ အခုလို သက်တမ်းလွန် စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေ သိမ်းဆည်း ထိန်းသိမ်းရမိတာပါ " လို့ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သိမ်းဆည်းရမိပစ္စည်းတွေနဲ့ပတ်သတ်ပြီးတော့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းပေးရေးအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဟာ စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဖြန့်ဖြူးရောင်းချနေတဲ့ ကိုယ်စားလှယ်တွေ အမျာဆုံးရှိတဲ့နေရာဖြစ်ပြီးတော့ အရောင်းကိုယ်စားလှယ်တွေအနေနဲ့လည်း တောင်သူလယ်သမားတွေနဲ့ ပြည်နယ် အကျိုးစီးပွားအတွက် အရည်အသွေးပြည့်မီတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ဥပဒေနဲ့အညီ တင်သွင်းရောင်းချသွားဖို့လိုအပ်နေတယ်လို့လည်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သက်တမ်းလွန် ၊ အရည်အသွေးညံ့ တဲ့ မြေသြဇာ ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖြန့်ဖြူးရောင်းချ သိုလှောင်တာတွေနဲ့ပတ်သတ်ပြီး ရှောင်တစ်ခင်စစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းပေးရေးအဖွဲ့မှ သိရပါတယ်။

သတင်း -နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အောင်ပန်းမြို့တွင် သက်တမ်းလွန် အရည်အသွေးညံ့မြေသြဇာ ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိ အောင်ပန်းမြို့တွင် သက်တမ်းလွန် အရည်အသွေးညံ့မြေသြဇာ ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.