အတိုအပြတ်ဝတ်က တနင်္သာရီတိုင်းအစိုးရရုံးသို့ ဝင်ခွင့်မပြု


အင်္ကျီ၊ ဘောင်းဘီ အတိုအပြတ်ဖြင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင်ရောက် ခွင့်မပြုကြောင်း နိုဝင်ဘာလ ၈ ရက်က စတင်ကြေညာလိုက်သည်။

ပခုံးသိုင်းကြိုးမပါသည့် အက်ႌ၊ ႀကိဳးတစ္လံုးအက်ႌ၊ ဘောင်းဘီတို၊ စကတ်တို၊ ဂါဝန်တို ဝတ်ဆင်ထားက ဝင်ရောက်ခွင့်မပြုကြောင်း တိုင်းအစိုးရအဖွဲ့ရုံးဝင်ပေါက်ဝတွင် ရေးသားထားသည်။


တိုင်းအစိုးရအဖွဲ့ရုံးက အဓိကကျသည့်နေရာတစ်ခုဖြစ်သည့်အတွက် ယင်းသို့တားမြစ်ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ပြောသည်။

ပြီးခဲ့သည့်နှစ်ပတ်ခန့်က နိုင်ငံခြားသားနှစ်ဦး ကိုယ်ကျပ်ဂျိုင်းပြတ်အင်္ကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ကာ တိုင်းအစိုးရရုံးအတွင်း ဝင်ရောက်လာပြီးနောက် ယင်းကဲ့သို့ တားမြစ်လိုက်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုဝတ်လာရင် အဝတ်အစားပြန်လဲဖို့ပြောပြီး လဲဝတ်ပြီးမှပဲ ဝင်ခွင့်ပြုမယ်” ဟု ဦးစိုးလှိုင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ရုံးသို့ ယခင်က စာရင်းသွင်းစရာမလိုဘဲ လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုနေရာမှ ယမန်နှစ် နှစ်လယ်ပိုင်းခန့်မှ စတင်ကာ မှတ်ပုံတင် သို့မဟုတ် အထောက်အထားတစ်ခုခုပေးကာ စာရင်းသွင်းပြီး ဧည့်ကတ်ပြားဖြင့်သာ ဝင်ရောက်ခွင့်ပြုခဲ့သည်။

Myat Htut - Myeik
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
အတိုအပြတ်ဝတ်က တနင်္သာရီတိုင်းအစိုးရရုံးသို့ ဝင်ခွင့်မပြု အတိုအပြတ်ဝတ်က တနင်္သာရီတိုင်းအစိုးရရုံးသို့ ဝင်ခွင့်မပြု Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.