ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူတစ်ဦးသေဆုံး


ထန်းတပင် နိုဝင်ဘာ ၁၅
===============
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်း တပင်မြို့နယ် ကြည်စုကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမ မိုင်တိုင် (၁၁/၅)နှင့်မိုင်တိုင်(၁၁/၆)ကြား၌ ယမန်နေ့ ည ၁၁ နာရီတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာလူတစ်ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအတိုင်း ပုသိမ် ဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း မင်းကိုသန့်(၂၆နှစ်)မောင်းနှင်လာ သော(5B/----) MITSUBISHI-FOSO TRUCK အဖြူရောင် ခြောက်ဘီး(ငှား)ယာဉ်သည်ကြည်စု ကျေးရွာ ရန်ကုန်-ပုသိမ်ကား လမ်းမ မိုင်တိုင်(၁၁/၅)နှင့် မိုင်တိုင် (၁၁/၆)ကြားအရောက်တွင် လား ရာတူရှေ့မှယာဉ်မောင်း ကျော်မိုးနိုင် (၃ဝနှစ်)မောင်းနှင်သည့်ထော်လာ ဂျီ အပြာရောင်အားနောက်မှဝင် ရောက် တိုက်မိခဲ့ပြီး တိုက်မိသည့် အရှိန်ကြောင့်ထော်လာဂျီမှာ တစ် ဖက်ယာဉ်ကြောအတွင်းသို့ရောက် ရှိသွားကာ မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှပုသိမ်ဘက်သို့ယာဉ် မောင်း ဦးသန်းဇော်ထွန်း(၃၇)နှစ် မောင်းနှင်လာသည့်(3E/----) MITSUBISHI CANTER LIGHTTRUCK(အဖြူစိမ်းရောင်) (ငှား) ယာဉ်နှင့်ထပ်မံတိုက်မိခဲ့ သဖြင့် ယာဉ်နှစ်စီးနှင့်ထော်လာဂျီ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး (3E/----)ယာဉ်မောင်း ဦးသန်းဇော် ထွန်း(၃၇နှစ်)ညောင်ဝိုင်းရပ်ကွက် မအူပင်မြို့နယ်နေသူသည် လှိုင် သာယာဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)နှင့်ထော်လာဂျီမောင်း နှင်သူယာဉ်မောင်း ဦးကျော်မိုးနိုင် (၃ဝနှစ်)အပြင်သဲဖြူကျေးရွာ ထန်း တပင်မြို့နယ်နေသူမှာ လှိုင်သာယာ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မင်းကိုသန့်(၂၆နှစ်) ရှုခင်းသာလမ်း စားအုန်းဆီစက်ရုံ ဝင်း၊ သာကေတမြို့နေသူကို ထန်း တပင်မြို့နယ် တက်သစ်နယ်မြေ ရဲစခန်းမှအမှုဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)
The Union Daily
https://www.facebook.com/uniondaily.net/
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူတစ်ဦးသေဆုံး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.